![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် အားကစားနည်းအလိုက် ပြိုင်ပွဲသုံးအထောက်အကူပြု အသုံးအဆောင်ပစ္စည်း ဝယ်ယူထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း တွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ နိုင်ငံတော်၏ အားကစားဂုဏ် အဆင့်အတန်းမြင့်မားစေရန်နှင့် ရွှေတံဆိပ်ဆုများရရှိအောင် အထောက်အကူဖြစ်စေရန်အတွက် မြန်မာအားကစားအဖွဲ့များမှ (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် အားကစားနည်းများအလိုက် ပြိုင်ပွဲအသုံးအဆောင် အထောက်အကူပြုပစ္စည်းများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ၊ ပြိုင်ပွဲဝင်ဖိနပ်များ၊ ပြိုင်ပွဲသုံး လက်နက်ကိရိယာများ ဝယ်ယူထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအသင်းအတွက် အထောက်အကူဖြစ်စေရန် အုပ်ချုပ်မှုအဖွဲ့မှ ပြိုင်ပွဲ၌ အားပေးရာတွင် အထောက်အကူဖြစ်စေသည့် ပစ္စည်းများဖြစ်သည့် မြန်မာနိုင်ငံအလံပါ လက်ပတ်၊ ခေါင်းစီး၊ မြန်မာအလံ၊ ပြိုင်ပွဲဝင်မြန်မာအားကစားအဖွဲ့ပါဝင်သည့် contingent book ၊ အားကစားနည်းအလိုက် ပြိုင်ပွဲ schedule များ၊ ပြိုင်ပွဲကျင်းပမည့် နေရာများနှင့် အားကစားကွင်း/ အားကစားရုံများ၊ ဆေးအဖွဲ့မှ ခင်းကျင်းထားသည့် အားကစားအဖွဲ့အတွက် လိုအပ်သော အထွေထွေ ဆေးဝါးများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာဆေးဝါးများနှင့် ပဋိဇီဝဆေးဝါးများ၊ လိမ်းဆေးများ၊ သောက်ဆေးများ၊ PCO နှင့် ဆက်စပ်သည့် စက်ပစ္စည်းများ၊ ဆေးဝါးများ၊ တိပ်များ၊ ပြိုင်ပွဲဝင် အားကစားနည်းများဖြစ်သည့် မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ဘိုးလင်း၊ လက်ဝှေ့၊ ခရစ်ကက်၊ စစ်တုရင်၊ စက်ဘီး၊ မြင်းစီး၊ ဘောလုံး/ဖူဆယ်၊ E-Sports၊ ဂေါက်သီးရိုက်၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ ကဘာတီ၊ ကရာတေး၊ ကစ်ဘောင်ဆင်၊ မွေ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အပြည်ပြည် ဆိုင်ရာလှေ၊ ကနူးကယက်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ သေနတ်ပစ်၊ စကိတ်၊ စကွက်ရှ်၊ ရေကူး၊ တိုက်ကွမ်ဒို၊ တက်ဂ်ဘော၊ ဘော်လီဘော၊ အလေးမ၊ နပန်းနှင့်ဝူရှူး စသည့်အားကစားနည်း ၃၈ နည်း၏ အားကစားနည်းများအလိုက် ပြိုင်ပွဲသုံး အသုံးအဆောင်များ၊ အထောက်အကူပြုပစ္စည်းများ၊ ပြိုင်ပွဲဝင် ဝတ်စုံများ၊ ပြိုင်ပွဲဝင်ဖိနပ်များနှင့် ပြိုင်ပွဲသုံးလက်နက်ကိရိယာများ ခင်းကျင်းပြသထားရှိမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားနည်းများအလိုက် အဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ/နည်းပြများနှင့်တာဝန်ရှိသူများက မိမိတို့အားကစား နည်းအလိုက် အသုံးပြုမည့်ပစ္စည်းများ၏ အရည်အသွေး၊ အမျိုးအစားများနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ထပ်မံပြင်ဆင် ဆောင်ရွက် သွားရန်နှင့် မကြာမီ ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရန်နှင့် စိတ်ခွန်အားများရရှိစေရန်အတွက် အားကစားဝါသနာရှင် ကလောင်ရှင် များနှင့်ပြည်သူများက “ မြန်မာနှင့်ဆီးဂိမ်း၊ အောင်ပွဲနှင့်အတူမျှော်နေမည်၊ ပြိုင်တယ်ဆို နိုင်မှကြိုက်တာမို့၊ အားကစားအောင်မြင်မှုဆီသို့ အားကစားအာဟာရဖြင့် မြှင့်တင်ကြပါစို့နှင့် သဘာဝ ဘေးဒဏ်ကို အန်တုကျော်လွှား၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် အောင်နိုင်ဆုများ ဆွတ်ခူးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့” စသည့်ဆောင်းပါးများဖြင့် စာကောင်းစာမွန်များကို ရေးသား၍ မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူအားလုံး မျှော်လင့်စောင့်စား အားပေးနေသည့်အတွက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှနေ၍ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် အတူတကွ ဝိုင်းဝန်း ပူးပေါင်း ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။




