အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဗန်ကောက်မြို့ National Broadcasting Service of Thailand သို့ သွားရောက်ပြီး MRTV, MRTV 4 နှင့် Hey Play တို့၏ သတင်းရုပ်သံထုတ်လွှင့်နိုင်ရေးအတွက် လုပ်ငန်းဆာင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှူ

ထိုင်း၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်နှင့် ယနေ့နံနက်ပိုင်းတွင် ဗန် ကောက်မြို့ National Broadcasting Service of Thailand သို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်၊ ချွန်ဘူရီနှင့်ချင်းမိုင်မြို့များတွင် ကျင်းပပြုလုပ်သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သတင်းရုပ်သံထုတ်လွှင့်ခြင်း၊ Live ထုတ်လွှင့်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် National Broadcasting Service of Thailand တွင် MRTV, MRTV 4 နှင့် Hey Play တို့မှ ပြိုင်ပွဲများကျင်းပနေမှုများအား သတင်းရယူထုတ်လွှင့်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး ဝန်ထမ်းများအား မြန်မာ့အားကစားအောင်နိုင်ရေးသတင်းများ၊ အားကစားနည်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မှုများနှင့် အနိုင်အရှုံး ရလဒ်သတင်းများကို မြန်မာနိုင်ငံမှ အားကစားဝါသနာရှင်ပြည်သူများ သိရှိပြီး အားပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသပေးနိုင်ရန် မြန်မာနိုင်ငံ ရုပ်သံဌာနများမှ တာဝန်ရှိသူများက အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းမှာကြားခဲ့ပြီးနောက် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။