မူဝါဒ/ရည်မှန်းချက်/လုပ်ငန်းစဉ်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ မူဝါဒများ
(၁) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊
(၂) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားရန်၊ (Mass Sport)
(၃) နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ မွေးထုတ်ရန်၊ (Excellent Sport)
(၄) အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိစေရန်။
(၅) လူငယ်များကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများအား ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန်၊
(၆) လူငယ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အားပေးရန်၊
(၇) လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊
(၈) လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊
(၉) နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်လာနိုင်စေရန်၊
(၁၀) ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းစေရန်၊
(၁၁) အနုပညာ၊ အားကစားလှုပ်ရှားမှုများ အပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်မည့် လူငယ်စင်တာများ ထူထောင်ပေးရန်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ
(၁) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ရန်၊
(၂) မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊
(၃) ခေတ်မီအားကစားတက္ကသိုလ်၊ အားကစားနှင့်ကာယပညာသိပ္ပံများ ဖွင့်လှစ်နိုင်ရန်နှင့် အားကစားနည်းအမျိုးအစားအလိုက် သင်တန်းများ ဖွင့်လှစ်နိုင်ရန်၊
(၄) တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရန်နှင့် လူထုအားကစားလှုပ်ရှားမှုများဆောင်ရွက်မှု တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(၅) နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များကို တည်ဆောက်ရေးနှင့် ရေရှည်အသုံးပြုနိုင်အောင် ထိန်းသိမ်းပြုပြင် ဆောင်ရွက်ရန်၊
(၆) နိုင်ငံတကာအဆင့်မီ အားကစားပစ္စည်းများ၊ ဝတ်စုံများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်အောင် ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊
(၇) တိုးတက်ပြောင်းလဲနေသော ခေတ်မီအားကစားနည်းစနစ်သစ်များကို ကျင့်သုံး၍ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊
(၈) နိုင်ငံ၏ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ရန်၊
(၉) လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓါတ် ထွန်းကားပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊
(၁၀) လူငယ်များအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးပွားလာစေရန်၊
(၁၁) လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေး စသည့်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်စေရန်၊
(၁၂) မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်း လူငယ်များဘဝ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊
(၁၃) လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်၊
(၁၄) နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ
(၁) အားကစားနည်းအလိုက် နည်းဥပဒေများ၊
စည်းမျဉ်း စည်းကမ်းများ၊ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ ရေးဆွဲခြင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊
အားကစား တက္ကသိုလ်တို့နှင့် ပတ်သက်သော သိကောင်းစရာများ ၊ လူငယ်ရေးရာ ကဏ္ဍအလိုက် အသိပညာပေး
/ သိကောင်းစရာများရေးဆွဲ၍ အများပြည်သူ သိရှိစေရန် စာအုပ် ထုတ်ဝေခြင်း၊
ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားရှိခြင်း ဆောင်ရွက်မည်၊
[MSDP မဟာဗျူဟာ (၁.၄) ၊ လုပ်ငန်းစဉ် (၁.၄.၄)]
(၂) အိုလံပစ်အားကစားပြိုင်ပွဲ ၊ အာရှအားကစားပြိုင်ပွဲ
၊ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်
ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးနှင့် အောင်မြင်မှုရရှိစေရန်အတွက် နိုင်ငံတကာအိုလံပစ်ကော်မတီများ
၊ ပြည်တွင်း/ ပြည်ပ အားကစားအဖွဲ့ချုပ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊
[MSDP မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၃) ပြည်ပနိုင်ငံများနှင့် ဆက်သွယ်၍ အားကစားနည်းများ ပူးတွဲလေ့ကျင့်ခြင်း၊
နိုင်ငံခြား နည်းပြများ ငှားရမ်းခြင်း၊ နည်းပြသင်တန်းများ၊ ဒိုင်/ဂျူရီ သင်တန်းများသို့ စေလွှတ်ခြင်း၊ လေ့လာရေးများ
စေလွှတ်ခြင်း၊ အားကစားဆိုင်ရာ အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုသင်တန်းများ၊
အားကစားဈေးကွက်ဆိုင်ရာ သင်တန်းများစေလွှတ်ခြင်းနှင့် ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ
ကျင်းပမည်၊
[MSDP မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၇) နှင့် NCDP မဟာဗျူဟာ
၆]
(၄) အားကစားနည်းအလိုက် အိုလံပစ်စံချိန်
၊ အာရှစံချိန် ၊ အရှေ့တောင်အာရှ စံချိန်စံညွှန်း များသတ်မှတ်၍ ဆုတံဆိပ်များရရှိအောင်
မြန်မာ့ဂုဏ်ဆောင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်
အားကစားသမားများ ရေရှည်ဘဝ နောင်ရေးစိတ်အေးနိုင်ရန်အတွက် ထောက်ပံ့ပေးနိုင်မည့် စည်းမျဉ်း
၊ မူဘောင်များ သတ်မှတ်ဆောင်ရွက်မည်၊
[MSDPမဟာဗျူဟာ(၃.၇)၊လုပ်ငန်းစဉ် (၃.၇.၁)]
(၅) အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊
အားကစားတက္ကသိုလ်နှင့် အားကစားဒီပလိုမာ သင်တန်းများတို့တွင် အားကစားနည်းအလိုက် အရည်အသွေးရှိသော
သင်ရိုးညွှန်းတမ်း များ ပြုစုရေးဆွဲနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့်စုဖွဲ့၍ ဘက်စုံပါဝင်သော
ဆွေးနွေးညှိနှိုင်း ပြုစုဆောင်ရွက်သွားပါမည်၊
[MSDP
မဟာဗျူဟာ(၄.၁)၊ လုပ်ငန်းစဉ် (၄.၁.၁)]
(၆) တိုင်းဒေသကြီးနှင့်ပြည်နယ်
အားကစားပြိုင်ပွဲများ၊ အားကစားနည်းအလိုက် သက်တမ်း အလိုက်ပြိုင်ပွဲများကို
စဉ်ဆက်မပြတ်ကျင်းပ၍ အားကစားအောင်မြင်ရေးအတွက်ပညာရှင် များနှင့် ပေါင်းစပ်ပြီး
သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားမည်၊
[MSDP မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၇) ဝန်ထမ်းလူငယ်များကို ထိုက်သင့်သော လစာ၊ စွမ်းရည်မြှင့်တင်မှု အစီအစဉ်များနှင့် အကျိုးခံစားခွင့်ရရှိစေပြီး
အလုပ်ကို ဂုဏ်ယူမြတ်နိုးစိတ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ဓါတ်များ ပျိုးထောင်မြှင့်တင်ပေးမည့်
အစီအမံများ ဆောင်ရွက်မည်၊
[ MSDP မဟာဗျူဟာ (၁.၄) ၊ လုပ်ငန်းစဉ် (၁.၄.၄)နှင့် NCDP မဟာဗျူဟာ ၆]
(၈) ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးအတွက်
ဌာနတွင်းသင်တန်းများဖွင့်လှစ်ခြင်း၊ အားကစားနည်းအလိုက် နည်းပြသင်တန်းနှင့် ဒိုင်/ဂျူရီသင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပြည်တွင်းပြည်ပလေ့လာရေး
ခရီးစဉ်များ စေလွှတ်ခြင်း၊ လူငယ်ရေးရာကဏ္ဍ သင်တန်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သော သင်တန်းများနှင့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီသင်တန်းများသို့
တက်ရောက် စေမည်၊
[ MSDP မဟာဗျူဟာ
(၁.၄) ၊ လုပ်ငန်းစဉ် (၁.၄.၁)နှင့် NCDP မဟာဗျူဟာ
၆]
(၉) e-Government စနစ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေနှင့်
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန
ဝက်ဘ်ဆိုက်လွှင့်တင်ခြင်း၊ သတင်းအချက်အလက် နည်းပညာ ဆိုင်ရာပစ္စည်းများ
ဖြည့်တင်းပေးခြင်း၊ ပြည်တွင်းပြည်ပမှ အားကစားပစ္စည်းများ ဝယ်ယူခြင်း၊
အခြေခံအဆောက်အဦများ၊ အားကစားကွင်း/အားကစားရုံ/ရေကူးကန်များ ဆောက်လုပ်ခြင်း၊
အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်သည့် စက်ပစ္စည်းများ
ဝယ်ယူဖြည့်တင်းပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်မည်၊
[MSDP
မဟာဗျူဟာ(၁.၅)
၊ လုပ်ငန်းစဉ် (၁.၅.၃)]
(၁၀) လူငယ်ဖွံ့ဖြိုးရေးကဏ္ဍများအနေဖြင့်
အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ဖွင့်လှစ်ခြင်း၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးများအတွက်
အသက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပညာရေးအသုံးစရိတ် ၊
ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ အားကစားလေ့ကျင့်ရေးပစ္စည်းများ ထောက်ပံ့ခြင်းနှင့်
လူငယ်စင်တာများ အတွက် ပစ္စည်းနှင့် ရုံးသုံးစရိတ်ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်မည်၊
[MSDP
မဟာဗျူဟာ(၄.၃) ၊ လုပ်ငန်းစဉ်
(၄.၃.၆)]
(၁၁) မသန်စွမ်းလူငယ်ကလေးများအား သက်မွေးပညာရပ်များ
သင်ကြားပေးခြင်း ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မသန်စွမ်းမှု အမျိုးအစားအလိုက်
အသိပညာပေး ခြင်းနှင့် အားကစားနည်းအလိုက် ဉာဏ်ရည်မမီကလေးများနှင့် မသန်စွမ်းသူများ ကစားနိုင်သည့်
သင်တန်းများဖွင့်လှစ်ခြင်း ၊ ထူးချွန်သူများအား ဆက်လက်လေ့ကျင့် ပေးခြင်း၊ အားကစားလေ့ကျင့်ရေးစခန်းများကို
တိုးချဲ့ဖွင့်လှစ်ခြင်း ၊ ပုဂ္ဂလိကမှ ဉာဏ်ရည်မမီသူများနှင့် မသန်စွမ်းသူများအတွက် အားကစားလေ့ကျင့်ရေးစခန်းများ
ဖွင့်လှစ်ပါက အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားပါမည်၊
[MSDP မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၁၂) အားကစားသမားများနှင့် ပြည်သူများ အာဟာရပြည့်မီစွာ
စားသောက် နေထိုင်နိုင်ရေး အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားသုံးမှုဆိုင်ရာ
လမ်းညွှန်ချက် များ၊ အသိပညာပေးအစီအစဉ်များအား ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများနှင့်
ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊
မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊
ကျန်းမာရေးဝန်ထမ်းများ၊ မီဒီယာများ၊
အနုပညာရှင်များ၊ စေတနာရှင်များ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်၊
[MSDP မဟာဗျူဟာ (၄.၄) ၊ လုပ်ငန်းစဉ် (၄.၄.၃)]
(၁၃) ပြည်သူတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်မှု
လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ကိုယ်လက်ကြံ့ခိုင်ရေး နည်းပြသင်တန်းများနှင့်
အခြေခံအားကစားနည်း သင်တန်းများကို တိုင်းဒေသကြီး / ပြည်နယ်အဆင့်
၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဖွင့်လှစ် သင်ကြားသွားမည်၊
[MSDP
မဟာဗျူဟာ (၄.၁) ၊
လုပ်ငန်းစဉ် (၄.၁.၁)]
(၁၄) အခြေခံပညာကျောင်းများနှင့် နည်းပညာကောလိပ်များ၊
တက္ကသိုလ်များသို့ သွားရောက်၍ အားကစားနည်းများ
သရုပ်ပြသခြင်း ၊ အားကစားနည်းအလိုက်
သင်တန်းများ ဖွင့်လှစ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် အားကစားပစ္စည်းများ
ထောက်ပံ့ပေးခြင်း ဆောင်ရွက်မည်၊
[MSDP မဟာဗျူဟာ(၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၉)]
(၁၅) အားကစားလှုပ်ရှားမှုများ၊ ကိုယ်လက်ကြံ့ခိုင်ရေး
လှုပ်ရှားမှုများကို ပြည်သူများ စိတ်ပါ ဝင်စားပြီး ပါဝင်ကစားလာစေရေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက်
ထိရောက်စွာ အကျိုးပြုနိုင်မှုကို သိမြင်နားလည်စေရေးအတွက် မီဒီယာများ ၊ အနုပညာရှင်များ၏ အကူအညီကိုရယူ၍ ထိရောက်ကျယ်ပြန့်စွာ
စည်းရုံးလှုံ့ဆော်ပညာပေးရေး အစီအစဉ် များ ဆောင်ရွက်မည်၊
[MSDP မဟာဗျူဟာ (၄.၂) ၊ လုပ်ငန်းစဉ် (၄.၂.၂)]
(၁၆) ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှုပုံစံများ၊
အပြုအမူများ၊ အလေ့အကျင့်များကို စွဲမြဲကျင့်သုံးလာစေရန်အတွက် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်
(Exercise is Medicine) အားကစားလှုပ်ရှားမှုများဖြင့် ထိရောက်သော ကျန်းမာရေးအသိပညာပေး မြှင့်တင်ရေးလုပ်ငန်းများကို
ဆောင်ရွက် မည်၊
[MSDP
မဟာဗျူဟာ(၄.၂) ၊ လုပ်ငန်းစဉ်
(၄.၂.၆)]
(၁၇) ပြည်သူများ ၊ ကျောင်းသားကျောင်းသူများ
၊ ရုံးဝန်ထမ်းများ ၊ နေရာဌာနအလိုက် အန္တရာယ်ကင်း စိတ်ချလုံခြုံစွာကစားနိုင်ရန်နှင့်
မသန်စွမ်းသူများအတွက်ပါ လွယ်လင့် တကူ ကစားနိုင်မည့် အားကစားကွင်း/ အားကစားရုံများ ၊ ကိုယ်လက်လှုပ်ရှားကစား နိုင်မည့်နေရာများ၊ လမ်းလျှောက်နိုင်မည့်
နေရာများကို စီစဉ်ပေးမည်၊
[MSDP
မဟာဗျူဟာ (၄.၂) ၊
လုပ်ငန်းစဉ် (၄.၂.၁)]
(၁၈) အိမ်ရာများ၊ စာသင်ကျောင်းများ ၊ တက္ကသိုလ်များ
၊ ရုံးဌာနများနှင့် အများပြည်သူများ ထိရောက်စွာ ကစားနိုင်မည့် နေရာများတွင် ကျန်းမာရေးအထောက်အကူပြု
ကိရိယာ များ (Outdoor Fitness) တပ်ဆင်ပေးနိုင်ရေးနှင့် အိမ်ရာသစ်များ
ဖော်ထုတ်ရာတွင် မသန်စွမ်းသူများပါ ကစားနိုင်သည့် အားကစားကွင်း/ရုံ၊ ရေကူးကန်များ၊ အပန်းဖြေ ပန်းခြံများ
ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်၊ [MSDP မဟာဗျူဟာ(၄.၂)၊ လုပ်ငန်းစဉ် (၄.၂.၂)]
(၁၉) အများပြည်သူ
သွားလာလည်ပတ်နိုင်သော ခရီးစဉ်များ၊ ခရီးစဉ်ဒေသများတွင် အားကစားအခြေပြု ခရီးသွားလာခြင်း
(Sports tourism) ကဏ္ဍ ဖွံ့ဖြိုးအောင် ခရီးသွား လုပ်ငန်းကော်မတီများနှင့်
ညှိနှိုင်းဆောင်ရွက်သွားမည်၊
[MSDP
မဟာဗျူဟာ (၅.၆) ၊
လုပ်ငန်းစဉ် (၅.၆.၁၀)]
(၂၀) အားကစားသမားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်
ဝန်ကြီးဌာနအလိုက် အားကစားလေ့ကျင့်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်စေပြီး အားကစားနည်းအလိုက်
ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်၊
[MSDP မဟာဗျူဟာ(၃.၂)၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၂၁) လူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊
မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ
လူငယ်လူရွယ်များ ချစ်ခင် ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ကျောင်းသားအားကစားပွဲတော်နှင့်
အမျိုးသားအားကစား ပွဲတော်များကို ၂ နှစ် လျှင် ၁ ကြိမ် ကျင်းပပြုလုပ်မည်၊
[MSDP မဟာဗျူဟာ (၁.၂) ၊ လုပ်ငန်းစဉ် (၁.၂.၂)]
(၂၂) လူငယ်များ
အားကစားကိုစိတ်ပါဝင်စားပြီး နေ့စဉ်အားကစားလှုပ်ရှား ကစားလာစေရေး အတွက် ပညာပေးဟောပြောခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် မိမိတို့၏
သက်ဆိုင်ရာ တိုင်းရင်းသားစာပေ ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို လူငယ်များအနေဖြင့်
မြတ်နိုးထိန်းသိမ်းနိုင်စေမည့် အစီအမံများ ဆောင်ရွက်သွားမည်၊
[MSDP
မဟာဗျူဟာ (၁.၂) ၊
လုပ်ငန်းစဉ် (၁.၂.၂)]
(၂၃) လူငယ်လူရွယ်များ၏ ကာယ ၊ ဉာဏ ၊ စာရိတ္တ
၊ မိတ္တ ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အသင်းအလိုက်
လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့် လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်မည်၊
[MSDP မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၁)]
(၂၄) လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမ များကို မြတ်နိုးတန်ဖိုးထား
ထိန်းသိမ်းတတ်လာစေရေးအတွက် အစီအမံများချမှတ်ဆောင်ရွက် ခြင်းနှင့် ပြည်တွင်း / ပြည်ပ
အနုပညာ ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲ အစီအစဉ် များကို မြှင့်တင်ချိတ်ဆက် ဆောင်ရွက်မည်၊
[MSDP မဟာဗျူဟာ(၃.၂)၊လုပ်ငန်းစဉ် (၃.၂.၈)]
(၂၅) လူငယ်များ ဒေသန္တရဗဟုသုတကြွယ်ဝစေရန်အတွက်
ခရီးသွားခြင်းအားပေးရန် လိုအပ်သောအစီအစဉ်များကို လူမှုအဖွဲ့အစည်းများ ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်
ပူးပေါင်းဆောင်ရွက်မည်၊
[MSDP
မဟာဗျူဟာ (၃.၂)
၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၂၆) နိုင်ငံတကာ လူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ ဂုဏ်သိက္ခာအရည်အသွေး နှင့် အဆင့်အတန်းမြင့်မားလာစေရန်အတွက်
နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မည်၊
[MSDP မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၂၇) လူငယ်များ
အလုပ်အကိုင်ရရှိစေရေးအတွက် လုပ်ငန်းခွင်နှင့်
ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့်
လေ့ကျင့်ရေးကဏ္ဍတို့ ဆက်စပ်မှု ပိုမို အားကောင်းစေရန်အတွက် အကြံပေးပညာရှင်များ ၊ တာဝန်ရှိပုဂ္ဂိုလ်များ
ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများ၊ သင်ရိုးညွှန်းတမ်း
ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်၊
[MSDP မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၅)]
(၂၈) လူငယ်များအနေဖြင့် အဖွဲ့အစည်းနှင့်
ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရရှိစေရန် သက်တမ်းအလိုက် အဖွဲ့အစည်းများ ဖွဲ့စည်းပေးရန်
(ဥပမာ– ယခင်ဖွဲ့စည်းခဲ့သော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊
လမ်းစဉ်လူငယ်၊ ကင်းထောက်လူငယ်) နှင့် ၎င်းအဖွဲ့ အစည်းများအတွင်း
ဝါသနာတူရာ (စာပေ၊ ဂီတ၊ အနုပညာ၊ သိပ္ပံပညာ၊ သတင်း အချက် အလက်နည်းပညာ(အိုင်တီ)၊
အားကစား၊ ယဉ်ကျေးမှုစသည့်) ဘာသာရပ်များ စုပေါင်း လေ့လာဆည်းပူးနိုင်မည့်
အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ နိုင်ငံတကာလူငယ် အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍
ပူးပေါင်းဆောင်ရွက်လေ့လာနိုင်ရန် အခွင့်အလမ်းများ ဖန်တီးသွားမည်၊
[MSDP မဟာဗျူဟာ (၃.၂) ၊ လုပ်ငန်းစဉ် (၃.၂.၈)]
(၂၉) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်
အားကစားပညာပေးရေး၊ အသိပညာပြန့်ပွားရေး ဆိုင်ရာကိစ္စရပ်များ၊ လူထုစစ်တမ်းများ သုတေသနပြုလုပ်ရာတွင်
လူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မည်၊
[MSDP မဟာဗျူဟာ (၄.၁) ၊ လုပ်ငန်းစဉ် (၄.၁.၁)]
(၃၀) ယခင်ရေးဆွဲထားသည့် အားကစားဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်
ဆောင်ရွက်ပေး ခြင်း၊ လူငယ်များနှင့်ပတ်သက်ပြီး လူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးသည့်
ဥပဒေကို ရေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်သွားမည်။
[MSDP မဟာဗျူဟာ (၁.၄)
၊ လုပ်ငန်းစဉ် (၁.၄.၄)]