၂၀၂၅ ခုနှစ်၊(၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၊ စက်တင်ဘာလ (၂၀) ရက်
၂၀၂၅ ခုနှစ်၊ (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၁၇:၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းရှိ MICC ခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အဖွဲ့ချုပ် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ဆုရ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း (၁၂)တန်း ၊ အမျိုးသမီးတစ်ဦးချင်း(၄)တန်း ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲမှ ပဏာမ အားကစားသမားများရွေးချယ်ခဲ့ကြပြီး အနိုင်ရရှိသူများက ဗိုလ်လုပွဲသို့ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြ ပါသည်။
ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ဆုများပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းက အသက်(၂၁)နှစ်အောက် ကာယဗလ ပြိုင်ပွဲတွင် ပထမဆုရရှိသောမင်းခန့်ကျော်(ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော အုပ်စိုးသူ(မွန်ပြည်နယ်)၊ တတိယဆုရရှိသော ကောင်းမြတ်ကျော် (ဧရာဝတီတိုင်းဒေသကြီး)အား လည်းကောင်း ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အမျိုးသား (၅၅)ကီလို ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသော စောမင်းနိုင် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ပြည့်ဖြိုးအောင် (ရခိုင်ပြည်နယ်)၊ တတိယဆုရရှိသော အုပ်စိုးမောင်မောင် (စစ်ကိုင်းတိုင်းဒေသကြီး) တို့အား လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း က အမျိုးသား (၆၀)ကီလို ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်ထွဋ်(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆု ရရှိသော ကောင်းမြတ်ဟန်(ရှမ်းပြည်နယ်)၊ တတိယဆုရရှိသော မိုးသန်း(တနင်္သာရီတိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီ က အမျိုးသား(၆၅)ကီလိုကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်ငြိမ်းချမ်း (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော အောင်ထက် (မန္တလေးတိုင်းဒေသကြီး)၊ တတိဆုရရှိသော ကျော်ဌေးအောင်(ရှမ်းပြည်နယ်)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမျိုးသား (၇၀)ကီလို ကာယဗလ ပြိုင်ပွဲတွင် ပထမဆုရရှိသော ဟိန်းဇော်လင်း(ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ရဲမင်းပိုင်(မွန်ပြည်နယ်)၊ တတိယဆုရရှိသော ရဲနိုင်ဝင်း(ရန်ကုန်တိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး က အမျိုးသား(၇၅)ကီလို ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသော စိုးထွန်းအောင်(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ကောင်းလင်းထက် (ဧရာဝတီတိုင်းဒေသကြီး) ၊ တတိယဆုရရှိသော ငြိမ်းချမ်းသူ (ရခိုင်ပြည်နယ်)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမျိုးသား Fitness Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော ထက်နေဝင်း (ရန်ကုန်တိုင်းဒေသကြီး) ၊ ဒုတိယဆု ရရှိသော စိုးစိုးမောင်(ရခိုင်ပြည်နယ်) ၊ တတိယဆုရရှိသော ဉာဏ်လင်းအောင် (မန္တလေးတိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက အမျိုးသား Athletic Physique (၁၇၀) စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်ဇေယျာဝင်း (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော နိုင်လင်းကိုကို(ရခိုင်ပြည်နယ်)၊ တတိယဆုရရှိသော သာထွန်းကျော် (မန္တလေးတိုင်း ဒေသကြီး)တို့အား လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်က အမျိုးသားAthletic Physique (၁၇၀) စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်ရာဇာစိုး (ပဲခူးတိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော စောနွဲ့ခွန်နောင်ဟိန်း (ရန်ကုန်တိုင်းဒေသကြီး) ၊ တတိယဆုရရှိသော သက်နိုင်ဦး(တနင်္သာရီတိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အမျိုးသား Sport Physique (၁၇၀) စင်တီမီတာကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော ရှိန်းထက်(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသောဘုန်းနေလင်း(နေပြည်တော်) ၊ တတိယ ဆုရရှိသော အောင်မြင့်မြတ်(ကရင်ပြည်နယ်) တို့အား လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမျိုးသား Sport Physiqu (၁၇၀)စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော ထင်လင်းကို(မန္တလေးတိုင်းဒေသကြီး) ၊ ဒုတိယဆုရရှိသော ဇင်မျိုးကို(တနင်္သာရီတိုင်းဒေသကြီး)၊တတိယဆုရရှိသော ရှိန်းခန့်ကို (မွန်ပြည်နယ်)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမျိုးသား(၇၅)ကီလိုတန်းအထက် ကာယဗလပြိုင်ပွဲတွင် ပထမဆုရရှိသော ဝေယံထက်(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော စောအယ်ဗလု(ဧရာဝတီတိုင်းဒေသကြီး)၊ တတိယဆုရရှိသော ဖြိုးဝေအောင်(ရှမ်းပြည်နယ်)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီး ဒေါ်မီမီစန်းက အမျိုးသမီး Model Physique (၁၆၀) စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော နှင်းပွင့်ဖြူ (ရန်ကုန်တိုင်းဒေသ ကြီး) ၊ ဒုတိယဆုရရှိသော အေးမြတ်ငြိမ်း(မန္တလေးတိုင်းဒေသကြီး) ၊ တတိယဆုရရှိသော သိမ့်မေသူမျိုးမြတ်(စစ်ကိုင်းတိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး၏ဇနီးဒေါ်စမ်းစမ်းအေးက အမျိုးသမီး Model Physique (၁၆၀) စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော ထူးမြတ်ဝေ (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသောချမ်းမြေ့သူ (မန္တလေးတိုင်းဒေသကြီး)၊တတိယဆုရရှိသော အေမီလင်း(ဧရာဝတီတိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်နီနီထွန်း က အမျိုးသမီး Athletic Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသော လဲ့ရည်ထွန်း(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ရတနာ(စစ်ကိုင်းတိုင်းဒေသကြီး)၊တတိယဆုရရှိသော ဟန်နီခင် (မန္တလေးတိုင်းဒေသကြီး)တို့အားလည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်းက အမျိုးသမီး Fitness Physique ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ပထမဆု ရရှိသော စန်ဝါအောင်(စစ်ကိုင်းတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ခိုင်ရာဇာသင်း (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော ဝင်းသော်တာအောင်(နေပြည်တော်)တို့အား တစ်ဦးချင်းဆု တံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စုပေါင်းတံခွန် စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား စုပေါင်းတံခွန်စိုက်ဆု ဖလားကို ပေးအပ်ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။




