![]()
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁ ရရှိ
ရန်ကုန်၊ မေ ၁၇
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua၊ အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်(၈)နိုင်ငံမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများတက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား(Event) ၁၂ မျိုးတို့တွင် ပြိုင်ပွဲဝင် နိုင်ငံများမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Men’s Bodybuilding 75kg ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ မောင်မောင်မြင့်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ စတီဗင်စိုးထွန်းတို့ကလည်းကောင်း၊ Men’s Bodybuilding 80kg ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ချမ်းမြေ့ထွန်း၊ ဒုတိယဆုနှင့်တတိယဆုကို ဖိလစ်ပိုင်နှင့်ဗီယက်နမ်အသင်းတို့မှ အားကစားသမားများကလည်းကောင်း၊ Men’s Bodybuilding Over 80kg ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုကို ဗီယက်နမ်အသင်းမှအားကစားသမားနှင့် တတိယဆု ကို မြန်မာအသင်းမှ အောင်ခိုင်ဝင်းတို့ကလည်းကောင်း၊ Men’s Athletlc Physique Up to 160 cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ဟိန်းထက်ဇော်၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ရဲထက်နိုင်တို့ကလည်းကောင်း၊ Men’s Athletlc Physique Up to 167cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ ဝေလင်းကျော်၊ ဒုတိယဆုကို မလေးရှားအသင်းမှ အားကစားသမားနှင့် တတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Men’s Athletlc Physique Over 167 cm ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်းမှ အားကစားသမား၊ ဒုတိယဆုနှင့်တတိယဆုကို မလေးရှားအသင်းမှ အားကစားသမား တို့ကလည်းကောင်း၊ Women’s Ahtletic Physique up to 160cm ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား၊ ဒုတိယဆုကို မြန်မာအသင်းမှ မိုးသက်ခိုင်နှင့် တတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Women’s Athletic Physique Over 160cm ပြိုင်ပွဲတွင် ပထမဆုနှင့်ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား နှင့် တတိယဆုကို မလေးရှားအသင်းမှ အားကစားသမားတို့ကလည်းကောင်း၊ Women’s Model Physique up to 160cm ပြိုင်ပွဲတွင် ပထမဆုကို မြန်မာအသင်းမှ မီမီကျော်နိုင်၊ ဒုတိယဆု ကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို ထိုင်းအသင်းမှ အားကစားသမားတို့က လည်းကောင်း၊ Women’s Model Physique up to 165cm ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်းမှ အားကစားသမား၊ ဒုတိယဆုကို ဗီယက်နမ်အသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ထူးမြတ်ဝေတို့ကလည်းကောင်း၊ Women’s Model Physique Over 165cm ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်းမှ အားကစားသမား၊ ဒုတိယဆုကို ထိုင်းအသင်းမှ အားကစားသမားနှင့် တတိယဆုကို မြန်မာအသင်းမှ ဝင်းသော်တာအောင်တို့ကလည်းကောင်း၊ Mixed Paits ပြိုင်ပွဲတွင် ပထမဆုကို ဗီယက်နမ်အသင်း၊ ဒုတိယဆုကို ဗီယက်နမ်အသင်း နှင့်တတိယဆုကို မြန်မာအသင်းမှ ဝေလင်းကျော်နှင့် လဲ့ရည်ထွန်းတို့ကလည်းကောင်း ၊ Men’s Team Championship ပြိုင်ပွဲ အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆုကို ပထမ မြန်မာနိုင်ငံ၊ ဒုတိယ ဗီယက်နမ်နိုင်ငံ နှင့်တတိယ ထိုင်းနိုင်ငံ တို့ကလည်းကောင်း၊ Women’s Team Championship ပြိုင်ပွဲ အမျိုးသမီးအသင်းလိုက်တံခွန်စိုက်ဆုကို ပထမ ဗီယက်နမ်နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံနှင့် တတိယ ထိုင်းနိုင်ငံမှလည်းကောင်း၊ Overall Championship Mr. south East Aaia 2026 ကာယဗလမောင်ဆုကိုမြန်မာနိုင်ငံမှချမ်းမြေ့ထွန်းမှလည်းကောင်းအသီးသီး ဆွတ်ခူး ရရှိခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့ကြသူများကို အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua နှင့် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးကျော်သန်းနှင့် ဒေါ်ရီရီဝင်း ၊ ကမ္ဘာ့ကာယ ဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြု မှတ်တမ်းလွှာများ နှင့် Trophy တို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ပြိုင်ပွဲများ အပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁ ဖြင့် ထိုက်တန်စွာဆွတ်ခူး ရရှိခဲ့ကြောင်းသိရသည်။




