အားကစားရေးရာဝန်ကြီးဌာန

Loading

(၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်၊ မေ ၁၆

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၁၄: ၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Datuk Paul Chua ၊ အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်(၈)နိုင်ငံမှ အုပ်ချုပ်၊ နည်းပြများနှင့်အားကစားသမားများတက်ရောက်ကြသည်။

ဦးစွာပြိုင်ပွဲဝင်နိုင်ငံများမှအသင်းများက စင်မြင့်ထက်တွင် နေရာယူပြီးနောက် အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံကို အ‌လေးပြုကြပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ ၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit နှင့် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua တို့က နှုတ်ခွန်းဆက် စကားများပြောကြားခဲ့သည်။

ယင်းနောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua မှ(WBPF) ၏ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုများရရှိသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း တို့အားလည်းကောင်း၊ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သူများ၊ ဂုဏ်ထူးဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုရရှိသူများအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းများက စင်မြင့်ထက်မှ ပြန်လည်ထွက်ခွာပြီး မြန်မာ့ ရိုးရာအကများနှင့် တင်ဆက်ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ Men’s Juniors Bodybuilding Under 21 years ပြိုင်ပွဲတွင် ပထမ မလေးရှား၊ ဒုတိယမြန်မာ၊ တတိယ ဗီယက်နမ်၊ Men’s Senior Bodybuilding 55kg ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မြန်မာ၊ တတိယမြန်မာ ၊ Men’s Senior Bodybuilding 60kg ပြိုင်ပွဲ တွင် ပထမ မြန်မာ၊ ဒုတိယ မြန်မာ၊ တတိယဗီယက်နမ်၊ Men’s Senior Bodybuilding 65kg ပြိုင်ပွဲ တွင် ပထမ မြန်မာ၊ ဒုတိယ ထိုင်း၊ တတိယဗီယက်နမ် ၊ Men’s Senior Bodybuilding 70kg ပြိုင်ပွဲ တွင် ပထမ ဗီယက်နမ်၊ ဒုတိယ မလေးရှား၊ တတိယမြန်မာ ၊ Men’s Master Bodybuilding Over 45 years ပြိုင်ပွဲ တွင် ပထမ မြန်မာ၊ ဒုတိယ ဖိလစ်ပိုင် ၊ တတိယမြန်မာ ၊ Men’s Sports Physique Up to 170 cm ပြိုင်ပွဲတွင် ပထမ မြန်မာ ၊ ဒုတိယ ထိုင်း၊ တတိယ မလေးရှား ၊ Men’s Sports Physique over 170 cm ပြိုင်ပွဲတွင် ပထမ ထိုင်း၊ ဒုတိယ မြန်မာ ၊ တတိယလာအို ၊ Men’s Fitness Physique One open Category ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ဗီယက်နမ် ၊ တတိယဗီယက်နမ်၊ Women’s Fitness Physique One open Category ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မြန်မာ ၊ တတိယဗီယက်နမ် တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် နှင့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ တို့မှ တစ်ဦးချင်းဆုတံဆိပ် များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့အားအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၅ ခု ၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၃ ခုတို့ ရရှိပြီး နိုင်ငံအလိုက် အဆင့် ၁ နေရာတွင် ရပ်တည်လျက်ရှိပြီး ၁၇.၅.၂၀၂၆ ရက်နေ့တွင် Event အမျိုးအစား ၁၂ မျိုးအား ပြိုင်ပွဲဝင်နိုင်ငံအသီးသီးမှ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

This image has an empty alt attribute; its file name is 702325029_1009387021622846_6402613918491301161_n-1024x1024.jpg