အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် သီးပင်စားပင် စိုက်ပျိုးရန်ဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၂၅

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကစားကွင်း အတွင်းရှိ မြေနေလွတ်များတွင် ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် ရာသီအလိုက် သီးပင် စားပင်များစိုက်ပျိုးရန် ရှင်းလင်းဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအတိုင်း မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ယခုစိုက်ခင်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် ရာသီပေါ်သီးနှံများကို အမျိုးအစား စုံလင်စွာ စိုက်ပျိုးသွားရန်လိုကြောင်း၊ မြေဆွခြင်းများ၊ အပင်စတင်စိုက်ပျိုးခြင်းများတွင် အမြစ်ပွားမှု နှုန်းများမှသာ သီးနှံထွက်နှုန်းများ ပိုမိုကောင်းမွန်နိုင်မည်ဖြစ်၍ နားလည်ကျွမ်းကျင်သူများ၏ ပြောကြားမှုများအတိုင်း ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများကို စနစ်တကျ ဝယ်ယူပြီး အပင်ဖြစ်ထွန်းအောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။