အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ မတ်လ (၆)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည် နှင့်အတူတာဝန်ရှိသူ များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီအခြေခံအားကစားသင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသော သင်တန်းသား/သင်တန်းသူများ အား ဂုဏ်ပြုချီးမြှင့်ငွေများချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လေ့ကျင့်လျက်ရှိသော ကြက်တောင်အားကစားသမားများကို တွေ့ဆုံအားပေးခဲ့ပြီး အမိုးပါရေကူးကန်ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့သို့ သွားရောက်ပြီး အားကစားကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။




