အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် အားကစားကွင်း/အားကစားရုံများနှင့် လူပျိုဆောင်/အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ ၁။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်း တွင် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် လူပျိုဆောင်/ အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ ပေါင်းလောင်းအားကစားကွင်းအားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှု သမိုင်းမှတ်တမ်းပြခန်းများနှင့် ပြတိုက်များအားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်လျက်ရှိသည့် လူပျိုဆောင်/ အပျိုဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော လူနာများအား ဆေးဝါးကုသပေးလျက်ရှိသည့် ရွှေကြာပင် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နေထိုင်စားသောက်မှု၊ ဆေးဝါးကုသမှုများ၊ သောက်ရေ၊ သုံးရေအဆင်ပြေ ချောမွေ့စေရေးနှင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။