အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားကွင်း/အားကစားရုံများကြည့်ရှုစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာလ ၂၁ ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း သည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်း၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမသို့ ရောက်ရှိရာ လေ့ကျင့်အသုံးပြုလျက်ရှိသည့် ခုံများ သန့်ရှင်းစေရေး ၊ မီးအလင်းရောင် လုံလောက်စွာရရှိစေရေး ကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ(25m RANGE )သေနတ်ပစ်ကွင်းရှိ အမိုးအကာကြံ့ခိုင်မှုအခြေအနေနှင့်ပစ်ခတ်စဉ်များ ၊ စက်ပစ်ကွင်းအနေအထားများ ၊ စားရိပ်သာသန့်ရှင်းသပ်ရပ်စွာထားရှိမှု အခြေအနေ ၊ ချက်ပြုတ်ပြင်ဆင်ထားရှိမှုများအားလည်းကောင်း ၊ ဒဂုံမြောက်ရေကူး ကန်ရှိ ရေကူးကန်များ ၊ မီးလိုင်းများ၊ သန့်စင်ခန်းများအား ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများနှင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ လေ့ကျင့်နေသည့်နေရာများ၊ စားရိပ်သာတို့၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများ အဆင်ပြေစွာအသုံးပြုနိုင်စေရေး၊ လေ့ကျင့်ရေးပစ္စည်းများ ပြည့်စုံစွာရရှိစေရေး၊ ရေကူးကန်သို့ လာရောက်ရေကူးရာတွင် ရေကူးသူများနှင့် မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေရန် တာဝန်ရှိသူများအားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။