အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့ရှိအားကစားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်း အားကစားသမားများကို တွေ့ဆုံအမှာစကားပြောကြား
ရန်ကုန်၊ မတ်လ(၉)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါ ၍ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင်ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာ့သိုင်းသင်တန်းကျောင်းသို့ရောက်ရှိရာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြ၍ နွေရာသီအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် မြန်မာ့သိုင်းအားကစားဖွံ့ဖြိုးတိုးတက်စေရေးတို့အား ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ရောက်ရှိပြီး ပရိသတ်(၄၅၀)ဆံ့ RC-2 နှစ်ထပ်ပွဲကြည့်စင် ဆောက်လုပ်ပြီးစီးမှု၊ ရေကူးကန်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပွဲကြည့်စင် စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ ရေကူး အားကစားသမားများ စိတ်ချမ်းမြေ့စွာကစားနိုင်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေကူး အားကစားသမားများပေါ်ထွက်စေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေး စခန်းသို့ ရောက်ရှိရာ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုဆိုကြပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်လျက်ရှိသော အားကစားသမားများနှင့်တွေ့ဆုံ၍ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ပြီး မိမိနှင့် မိမိအားကစားနည်း ၊ အဖွဲ့ချုပ်၊ နိုင်ငံတော်အတွက် ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန် စိတ်ဓာတ်ကောင်းမွန်ပြီး အောင်နိုင်စိတ်များဖြင့် လေ့ကျင့်မှုများကို ထပ်ခါထပ်ခါ ကြိုးစားလေ့ကျင့်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းသွင်းထားသော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကို ဆက်လက်ကြိုးစားကြရန် အားပေးစကားပြောကြားခဲ့ပြီးနောက် ထမင်းစားဆောင်အား လှည့်လည်ကြည့်ရှု စစ်ဆေး၍ အစည်းအဝေးခန်းမ၌ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ဆွေးနွေးပြီး ဒုတိယ ဝန်ကြီးမှ လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်း သို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တည်ဆောက်နေ သည့် မြသီတာမိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်မြေနေရာနှင့် မြသီတာဘောလုံးကွင်း တည်ဆောက်ခြင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရှိရသည်။




