အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။

ဦးစွာ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက မိုးရာသီတွင် ဖြစ်ပွားနိုင်သောရောဂါများ၊ ကူးစက်စေနိုင်သောရောဂါများနှင့် မကူးစက်နိုင်သော နာတာရှည် ရောဂါများအကြောင်းအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ရွတ်ဆိုရန်အတွက် ဌာနခွဲများအနက်မှ ဌာနခွဲ (၃)ခုအား မဲနှိုက်၍ ရွေးချယ်ခဲ့ရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁)၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ-(၂)နှင့် အားကစားကွင်း/အားကစားရုံဌာနခွဲတို့မှ ကိုယ်စားပြု ဝန်ထမ်း တစ်ဦးစီတို့က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)အား အသီးသီး ရွတ်ဆိုခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)ကို အမှားအယွင်းမရှိဘဲ မှန်မှန်ကန်ကန်ဖြင့် အကောင်းဆုံး ရွတ်ဆိုနိုင်ခဲ့သည့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ-(၁)မှ ကိုယ်စားပြု ဝန်ထမ်းတစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက ပို၍ထိရောက် ကောင်းမွန်သည့်အတွက် ရောဂါဝေဒနာခံစားရခြင်းမှ ကင်းဝေးစေပြီး ကျန်းမာချမ်းသာသော မိသားစုဘဝကို ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်၍ ယခုလိုအသိပညာပေး‌ဟောပြောခြင်း အစီအစဉ် အား ထည့်သွင်းပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ယခုအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ဝန်ထမ်းမိသားစုများ၏ သက်သာ ချောင်ချိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးများကို တန်းခွဲများအလိုက် ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အသက်အန္တရာယ် ကင်းရှင်း စေရန် ဆိုင်ကယ်စီးဦးထုပ်များကိုဆောင်းပြီး စနစ်တကျ စီးနင်းသွားရန်လိုကြောင်း၊ မိမိတို့ အသက်ဘေးအန္တရာယ်ကင်းရှင်းစေရန် ထုတ်ပြန်ထားသည့် စည်းမျဉ်း/စည်းကမ်းများကို လိုက်နာသွားကြရန်နှင့် လိုက်နာခြင်းမရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား သွားရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း ဝန်ထမ်းများ၏ အခက်အခဲများကို ကူညီဖြေရှင်း ပေးသွားမည်ဖြစ်၍ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။