အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး အားကစားအထောက်အကူပြုအဖွဲ့မှအစားအသောက်ထောက်ပံ့ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားနှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ယာယီနေရာ ထိုင်ခင်းစီစဉ်ဆောင်ရွက်ပေးထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် ၃၁။

ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ လတ်တလောစားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အားကစားအထောက်အကူပြုအဖွဲ့မှ အစားအသောက်များ အရေးပေါ် ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ လာရောက်လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ရန်ကုန်တိုင်းဒေသကြီး အားကစားအထောက်အကူပြုအဖွဲ့မှ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည့် အစားအသောက်များကို ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နေပြည်တော်ရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစု အင်အား ၅၅၀ ဦးခန့် ကို အသီးသီး ခွဲဝေပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Cluster များ၌ ယာယီနေထိုင်လျက်ရှိသည့် ငလျင်ဒဏ်သင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ သောက်ရေ၊ သုံးရေရရှိစေရေးနှင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။