အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၆)ရက်။

မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။

ယနေ့လက်ရည်စစ်မြားပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) မြား(၃၆)ချောင်း (၂)ကြိမ်၊ စုစုပေါင်း မြား (၇၂)ချောင်း အဆင့်သတ်မှတ်ခြင်း ပြိုင်ပွဲအား ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် (အမျိုးသား/အမျိုးသမီး)တစ်ဦးချင်း ရှုံး/ထွက် (ကွာတား ဖိုင်နယ်နှင့် အကြိုဗိုလ်လုပွဲ) ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၁၇)ရက်နေ့၊ နံနက် (၈)နာရီခွဲတွင် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပြိုင်ပွဲပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။