အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်‌ဇော်ဦးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် သို့ရောက်ရှိလာရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး များက မော်လမြိုင်လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြပြီး အစိုးရဧည့်ရိပ်သာသို့ လိုက်လံပို့ဆောင်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မွန်ပြည်နယ်အတွင်းရှိ အားကစားဥယျာဉ်သို့ သွားရောက်၍ အားကစားကွင်း/အားကစားရုံများ နှင့်အားကစားသမားသုံးထပ်အိပ်ဆောင်၊ စားရိပ်သာ၊ ချက်ပြုတ်သည့်စားဖိုဆောင်၊ ဝန်ထမ်းအိမ်ရာများနှင့် တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည်စေရေး၊ ရေဖျန်းစနစ် ကောင်းမွန်စေရေးအတွက် ရေလှောင်ကန် (Ground Tank)တစ်ခု တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ဘောလုံးကွင်းအတွင်းခြံစည်းရိုး (Inner Fencing)အား အမြဲတမ်းတောက်ပနေစေရန် ထုံး၊ ကော်ရည်နှင့် ဆေးများ ဖြင့် သုတ်လိမ်းသွားရန်လိုကြောင်း၊ သန့်ရှင်းမှုရှိစေရေးအတွက် သစ်ပင်ခြုံနွယ်များအား နေ့စဉ်သန့်ရှင်းရေးများ ပုံမှန် ပြုလုပ်၍ ရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားဥယျာဉ်အတွင်းရှိ အဆောက်အဦနှင့် အိပ်ဆောင်များ ရေရှည် တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် ဝန်ထမ်းများအား တာဝန်ပေးခန့်အပ်နိုင်ရေး တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာများတွင် နေထိုင်သည့် ဝန်ထမ်းများ သက်သာချောင်ချိစေရေး အတွက် မြေနေရာလွတ်များတွင် သီးပင်၊ စားပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားရန်နှင့် လုံခြုံရေး အထူးဂရုစိုက်‌၍ နေထိုင်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သို့ သွားရောက်၍ ဘောလုံးကွင်း၊ တိုက်ကွမ်ဒို၊ ဂျူဒိုနှင့် ပိုက်ကျော်ခြင်းအားကစားရုံ၊ လက်ဝှေ့၊ GYM ရုံ၊ ဘော်လီဘော၊ အလေးမ၊ ဖူဆယ်နှင့် လက်ဝှေ့အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းရှိ သင်ကြားရေး ဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး သင်တန်းသား/သင်တန်းသူများ၏ အားကစားလေ့ကျင့်မှုများ၊ နေထိုင်စားသောက်မှုများ၊ ပညာသင်ကြားနေမှုူကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့်ပတ်သက်ပြီး လိုအပ်ချက်များနှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ အုပ်ချုပ်မှုရုံး၊ စုပေါင်းခန်းမ၌ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြားတွင် ပေါင်းကူးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်၊ ကျင့်ဝတ်အပါး(၃၀)နှင့်အညီ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ကျေပွန် အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ မိသားစုအခက်အခဲများ နှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် သတင်းပို့တင်ပြ နိုင်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များဖြစ်သည့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။