အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး အတွက် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းမြသာစည် မြို့နယ် အားကစားကွင်းသို့ သွားရောက်ပြီး မြက်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ ဘောလုံးကွင်း ရေစိမ့်မြောင်းများနှင့် ရေဖြန်းစနစ် (Sprinkler)များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းဂိုးတိုင်၊ ဂိုးပိုက်များနှင့် Coner တိုင်များ စနစ်တကျ တပ်ဆင်ထားရှိရေး၊ ရေလုံလောက်စွာရရှိစေရေးနှင့် ရေလိုင်းမီးလိုင်းများ ကောင်းမွန်စေရေးတို့အတွက် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေနှင့် ပြည်သူများ လာရောက်လေ့ကျင့် ကစားနိုင်စေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အငြိမ်းစားများနှင့် ပြည်သူများအားတွေ့ဆုံ၍ လတ်တလော နေထိုင်၊ သွားလာ၊ စားသောက်မှုများ အဆင်ပြေစေရေးအတွက် အားကစားပစ္စည်းများနှင့် လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။