အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် ၁၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ ပတ္တနားမြို့ တွင်ကျင်းပပြုလုပ်မည့် Bihar အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်း ပြိုင်ပွဲ ၂၀၂၅ သို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံအမှာစကား ပြောကြားခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ/နည်းပြ၊ ဒိုင်နှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများအား ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အစွမ်းကုန် ကြိုးစားပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျ သွားလာနေထိုင်ကြရန် လိုကြောင်း၊ မိမိအားကစားသမားများ၏ အားသာချက်/အားနည်းချက်များကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် ပြိုင်ပွဲအနိုင်အရှုံးရလဒ်များကို မှတ်တမ်းများ စနစ်တကျ ပြုစုထားရှိပြီး အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ သတင်းပို့တင်ပြသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာမရရှိစေရေးအတွက် အထူးဂရုစိုက် ကြရန်လိုကြောင်း၊ မြန်မာလူမျိုးတို့၏ အစွမ်းအစကိုပြသ၍ မလျော့သော ဇွဲ၊ စိတ်ဓာတ်ဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ ၄ ဦး၊ ဒိုင် ၁ ဦး၊ (အမျိုးသား/အမျိုးသမီး) အားကစားသမား ၁၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့သည် (အမျိုးသား/အမျိုးသမီး) ၂ ယောက်တွဲပြိုင်ပွဲနှင့် ၄ ယောက်တွဲပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။