အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသောလူငယ်စကားဝိုင်းကို (၆.၁၀.၂၀၂၃)ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ထားဝယ်မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အနာဂတ်နိုင်ငံတော်ကိုတာဝန်ယူ ဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များအပါအဝင် တစ်နိုင်လုံး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်သကဲ့သို့ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားသော စိတ်ဓာတ်များနှင့်စည်းကမ်းသေဝပ်သူများဖြစ်အောင် ကြိုးစားနေထိုင်ပြီး တိုင်းပြည်အနာဂတ်လှပအောင်၊ ကြီးပွားတိုးတက်အောင် ကြိုးစားတည်ဆောက်ကြမည်ဆိုသည့် ရည်မှန်းချက်စိတ်ကူးများနှင့်ယခုသင်ကြားသင်ယူနေသောပညာရပ်များကို ကြိုးစားသင်ယူပြီး အနာဂတ်ကိုဦးဆောင်နိုင်သောလူငယ်များဖြစ်အောင်ကြိုးစားနေထိုင်သွားကြရန်လိုအပ်ကြောင်းပြောကြားသွားပါသည်။ဆက်လက်၍လူငယ်စကားဝိုင်းကိုအစီအစဥ်အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယဝန်ကြီးက လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများကို ဂုဏ်ပြုမှတမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာဦးဌာနသို့အားကစားပစ္စည်းများကို ၎င်း ပေးအပ်လှူဒါန်းခဲ့ပါသည်။