အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် လူငယ်ရေးရာဉီးစီးဌာန ရုံးပြောင်းရွှေ့မှုအခြေအနေများနှင့် ပြည်ထောင်စုဝန်ကြီးရုံး ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးခန်းနေရာ ယာယီဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၆ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ၂၈-၃-၂၀၂၅ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန မှ ရုံးခန်းနေရာများ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် လူငယ်ရေးရာဉီးစီးဌာနရုံး ယာယီပြောင်းရွှေ့ထားမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ အဆောက်အဦအတွင်းရှိ ရုံးသုံးပရိဘောဂပစ္စည်းများကို တပ်မတော်(ရေ)မှ စစ်သည်များက သယ်ဆောင်ပြောင်းရွှေ့ကူညီပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အတူ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)၌ ပြည်ထောင်စုဝန်ကြီးရုံး ဌာနခွဲများဖြစ်သည့် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၏ စီမံ/အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ မူဝါဒနှင့်ဥပဒေလုပ်ထုံး လုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၏ ပြည်ပခရီးစဉ်များဖြစ်သည့် ASEAN SDGS Thorugh Football Forum, The DCO Train the Trainer Course Program, 2025 SEARADO Board Meeting, ကျား/မရေးရာ တန်းတူညီမျှရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အမည်စာရင်းများ အပြီးသတ်ပေးပို့နိုင်ရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၏ စီမံကိန်းများရေးဆွဲခြင်း၊ စာရင်းအင်းများ ပြုစု ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပြဌာန်းချက်များအရ ရငွေ/သုံးငွေများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များထံသို့ လုပ်ပိုင်ခွင့်များခွဲဝေခြင်းနှင့် အသုံးစရိတ်များ ထုတ်ယူရရှိနိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့်သတင်း ပြန်ကြားရေးဌာနခွဲ၏ ပြည်ပခရီးစဉ်များနှင့်ပတ်သက်ပြီး အချိန်မီပေးပို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရုံးခန်းနေရာ ယာယီဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်္ကြန်ကာလမတိုင်မီ သက်ဆိုင်ရာဌာနများသို့ ဌာနခွဲများအလိုက် ပေးပို့ရမည့်အချက်အလက်များအား အချိန်မီပေးပို့နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိ သူများအား မှာကြားခဲ့ပြီးနောက် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့်ဂရုစိုက်၍ တာဝန်ကျွေပွန်စွာ ထမ်းဆောင် သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။