![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ မြန်မာ နှင့် ဆီးရီးယား ဘောလုံး ပြိုင်ပွဲ ကြည့်ရှူအားပေး
ရန်ကုန် ၊ အောက်တိုဘာ ၁၄ရက်
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုတတိယပွဲအဖြစ် မြန်မာအသင်း နှင့် ဆီးရီးယား အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ၊ သုဝဏ္ဏ ၊လူငယ်လေ့ကျင့်ရေးစခန်း (YTC) ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားနေမှုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများတို့ သည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ မြန်မာအသင်း နှင့် ဆီးရီးယားအသင်း ဘောလုံး ပြိုင်ပွဲ ကို ကြည့်ရှူအားပေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆီးရီးယားအသင်းက မြန်မာအသင်းကို သုံးဂိုး – ဂိုးမရှိဖြင့်အနိုင်ရခဲ့ကြောင်း သိရှိရသည်။

