ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအားကြည့်ရှုစစ်ဆေး
တောင်ကြီး၊ ဖေဖော်ဝါရီ ၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ သွားရောက်ခဲ့ပြီး၊ သင်တန်းသားစားရိပ်သာရှိ စားချက်ဆောင်၌သင်တန်းသား/သင်တန်းသူများ စားသောက်ရန် ချက်ပြုတ်ပြင်ဆင်မှု၊ စတိုခန်းအတွင်းပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု၊ နေ့စဉ် Menu ဇယားရေးဆွဲ ၍ ချက်ပြုတ်ကျွေးမွေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ သင်တန်းသားစားရိပ်သာတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်၊ စားရိပ်သာအတွင်း/ အပြင်အမြဲ သန့်ရှင်းအောင်ထားရှိရန်နှင့်သတ်မှတ်ထားသော နှုန်းထားအတိုင်းပြည့်ဝစွာ ချက်ပြုတ် ကျွေးမွေးရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ကျွေးမွေးခြင်းရှိ/မရှိအား တာဝန်ခံဆရာဝန်နှင့် တာဝန်ရှိသူ များမှနေ့စဉ် အလှည့်ကျစစ်ဆေး၍ နေ့စဉ်စစ်ဆေးချက်မှတ်တမ်းထားရှိဆောင်ရွက် သွားရန်မှာကြားကာ သင်တန်းသား/သင်တန်းသူများနှင့်နေ့လယ်စာအတူစားသုံးပါသည်။
ထို့နောက် ကျောင်းအုပ်ချုပ်မှု ရုံးရှိ ရုံးခန်း၊ ဆေးခန်း၊ စာကြည့်တိုက်၊ စာသင်ကြားနေမှု နှင့် သင်တန်းသူအိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးကာ ရုံးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ ကျောင်းဆေးခန်းအားသင်တန်းသား/သင်တန်းသူအတွက် အမှန်တစ်ကယ်ထိရောက်သည့် ကုသမှုရှိ အောင်ဆောင်ရွက်ရန်၊ ကျောင်းစာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စုံလင်စွာ ငှားရမ်းဖတ်ရှု နိုင်ရေး ဆောင်ရွက်ရန်နှင့်စာကြည့်တိုက်အတွင်းစာဖတ်ခြင်းနှင့်သက်ဆိုင်သည့် ဆောင်ပုဒ်များ စုံလင်စွာ ချိတ်ဆွဲထားရှိနိုင်ရေးတာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ရန်၊ စာသင်ကျောင်းအား ကျောင်းနေပျော် ၍စာတော်ရမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆရာ/ဆရာမများမှ စေတနာထား သင်ကြားကြရန်နှင့် သင်တန်းသား/ သင်တန်းသူအိပ်ဆောင်များအား အမြဲသန့်ရှင်းသပ်ယပ်စွာ ထားရှိရေး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက နေ့စဉ်စစ်ဆေး၍ စစ်ဆေးချက်မှတ်တမ်းထားရှိ ဆောင်ရွက်ရန်မှာကြားပါ သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ချုပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးနှင့် အားကစားနည်းအလိုက် တာဝန်ခံများအား တွေ့ဆုံအမှာစကားပြောကြားရာ တွင်ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုမသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့်ဝန်ထမ်းများသည် လုပ်ငန်းဆောင်တာများဆောင်ရွက်ရာ တွင် နိုင်ငံတော်မှ ပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများအား နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့် အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း အထူးသတိချပ် လိုက်နာစောင့်ထိန်းတတ်ရန်လိုအပ် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် သီးပင်စားပင်များကို ယခုထက် ပိုမို စနစ်တကျစိုက်ပျိုးကြရန်နှင့် အထူးသဖြင့်လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် အလေးအနက် ထားဂရုပြု၍ မိမိတို့ လုပ်ငန်းဆောင်တာများကို အစဉ်အမြဲဂရုပြုမူလှုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန် သော မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးက မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကိုဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်မှာကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒို အားကစားနည်းနှင့် ဂျူဒိုအားကစားနည်းလေ့ကျင့်နေမှု၊ မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း အတွင်း အမျိုးသား/အမျိုးသမီးဘောလုံးအားကစားသမားများနှင့် ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်နေမှု၊ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှု၊ လေ့ကျင့်ရေး ရေကူးကန်၌ ရေကူးအားကစားသမားများလေ့ကျင့်နေမှုတို့အားကြည့်ရှုစစ်ဆေးကာ မြန်မာ့ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က အားထားရမည့် လက်ရွေးစင်အားကစား သမားများပေါ်ထွက်လာရေးမှာ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို အခြေခံရမည် ဖြစ်သဖြင့် အားကစားအခြေခံကောင်းများရရှိအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း များအလိုက်ပြိုင်ပွဲများကျင်းပရန်ရှိသဖြင့် အားကစားနည်း အလိုက် စံချိန်ကောင်းများရရှိအောင် လေ့ကျင့်ရန်နှင့် ကျောင်းအုပ်ကြီးအပါအဝင် တာဝန်ရှိသူ များအားလုံးအား ကစားနည်းများအလိုက် အခြေခံသဘောတရား၊ ဥပဒေသများကို ကိုယ်တိုင် သိရှိနားလည်၍ စံပြနေထိုင်လုပ်ကိုင်ကြရန် မှာကြားခဲ့ကြောင်းနှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၌ အားကစားနည်း( ၇ )နည်း၊ သင်တန်းသား/ သင်တန်းသူ ( ၁၅၉ )ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
![](https://mosya.gov.mm/wp-content/uploads/2025/02/9.2.2025.1-1.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/9.2.2025.2-1.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/9.2.2025.3-1.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/9.2.2025.5-1.jpg)
![](https://mosya.gov.mm/wp-content/uploads/2025/02/9.2.2025.4-1.jpg)