အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန် ၄

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်းရေးအဖွဲ့အစည်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်သန်းသန်းဌေးတို့နှင့်အတူ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာဒေသတွင်း အားကစားကဏ္ဍတားမြစ် ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့‌နေ့လည် (၁၃: ၅၅)နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ လေယာဉ်အမှတ် (MU – 2031 )ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။