အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့်ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုပတ်ဝန်းကျင်အတွင်း ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံ့အနာဂတ် ကောင်းမွန်တိုးတက်စေရေး လူငယ်များတွင် တာဝန်ရှိမှုအပေါ် သိရှိနားလည်နိုင်စေရေး အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားစာပေဆုရှင်များက မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး နှင့် နှလုံးရည်ပြည့်ဝစေရန် သုတ/ရသနှင့် စာပေ၏အကျိုးကျေးဇူးများကို သိရှိစေရန် ခေါင်းစဉ်အသီးသီးဖြင့် ဟောပြောခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုလက်ဆောင်/ဆုငွေများနှင့် အားကစားပစ္စည်းတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။