အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၁၂)။

အဆင့်အတန်းမီ အရည်အချင်းရှိပြီး ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘောလုံးကွင်းအပေါ်ထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသွားရန် လျာထားဆောင်ရွက်ထားသည့်အတွက် အဖွဲ့ချုပ်များအနေဖြင့် မိမိတို့ အားသာသည့် အားကစားနည်းများကို ထည့်သွင်း ကျင်းပသွားရန်လိုကြောင်း၊ အမှန်တကယ်လိုအပ်သည့်ပစ္စည်းများနှင့် ကုန်ကျစရိတ်များကို စနစ်တကျ စိစစ်တွက်ချက်ပြီး တင်ပြပေးသွားရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော်မှ ထူးချွန်သည့် အားကစားသမားများကို (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် ရည်ရွယ်ထားပါကြောင်း လာမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Olympic အားကစားနည်းများကို အဓိကထား ကျင်းပသွားမည်ဖြစ်သည့်အတွက် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင် Olympic အားကစားနည်းများကို အဓိကထား ကျင်းပသွားမည်ဖြစ်သည့်အတွက် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင် Olympic အားကစားနည်းများကို အဓိကထားပြီး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ လိုအပ်သည့် အားကစားအ‌ထောက်အကူပြုပစ္စည်းများ၊ ကုန်ကျစရိတ်တွက်ချက်ထားမှုများနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ ပြီး ပြည်ထောင်စုဝန်ကြီးထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း‌ ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်အဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများက (In Person) စနစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ က (Video Conferencing) စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။