အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မတ်လ (၅)ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့သို့ ရောက်ရှိ၍ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည် များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံသို့ လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံသို့ လည်းကောင်း ရောက်ရှိ၍ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ရုံးလုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်၊ အချင်းချင်းအထက်အောက်အပြန်အလှန် လေးစားကြရန် ၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ လုံခြုံရေးသတိရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ပုသိမ်မြို့ရှိ အဆင့်မြင့် ရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ဆောက် နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီပြီး သတ်မှတ်အချိန် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။