အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ROTHO TAKEWONDO CHAMPIONSHIP 2022 ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ(၂၃)ရက်။

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် Rotho Mentholatun (Myanmar)Co..Ltd.တို့ ဦးစီးကျင်းပသော (ROTHO TAKEWONDO CHAMPIONSHIP 2022)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ ၅နာရီအချိန်ကရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (ဘူယောင်းတိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ)တွင် ကျင်းပရာ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမြဟန်၊ Rotho-Mentholatun(Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်လူကြီးများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြသည်။

ပြိုင်ပွဲအပြီးတွင် အမျိုးသား/အမျိုးသမီး ” အတိုက်” (Kyorung )နှင့် ” က” ကွက် (Poomsae) ပြိုင်ပွဲများ ၊ သက်ငယ်တန်း (Cadet)အဆင့် ဂျူနီယာတန်း (Junior)အဆင့် ကီလိုတန်းအလိုက်ပြိုင်ပွဲများ ၊ အပြည်ပြည်ဆိုင်ရာခါးစည်းအနက် (Kukki-Won) ဒန်အဆင့် ရရှိထားသူများ၊ ခါးစည်းအစိမ်းမှ အနီ (၁)ဒီဂရီအထိရရှိထားသူပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများ အကောင်းဆုံးနည်းပြ ၊ အတိုးတက်ဆုံး၊ အတတ်ကြွဆုံး၊ အသန့်ရှင်းဆုံးနှင့် အကောင်းဆုံး ဒိုင်လူကြီးဆုများကို ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ခါးစည်းအရောင်အဆင့် တံခွန်စိုက်ဒိုင်းဆုရရှိသူများ ရွှေ (၇)ခု၊ ငွေ(၈)ခု၊ ကြေး(၆)ခု ရွှေပြည်သာအသင်း၊ ရွှေ (၇)ခု၊ ငွေ(၆)ခု၊ ကြေး(၁၃)ခု အောင်ဆန်းအသင်း၊ ရွှေ (၃)ခု၊ ငွေ(၄)ခု၊ ကြေး(၁၂)ခု YTC အသင်းတို့အား Rotho-Mentholatun(Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ မှလည်းကောင်း၊ ခါးစည်းအနက်အဆင့် တံခွန်စိုက်ဒိုင်းဆုရရှိသူများ ရွှေ (၁၂)ခု၊ ငွေ(၁၄)ခု၊ ကြေး(၁၈)ခု အောင်ဆန်းအသင်း၊ ရွှေ (၆)ခု၊ ငွေ(၁)ခု၊ ကြေး(၄)ခု Dragon အသင်း၊ ရွှေ (၃)ခု၊ ငွေ(၃)ခု၊ ကြေး(၆)ခု စံပြဖိုက်တာအသင်းတို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန် တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

#Posted by MSED