အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ROTHO TAKEWONDO CHAMPIONSHIP 2022 ပြိုင်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ-၂၂

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့်Rotho -Mentholatun(Myanmar)Co..Ltd.တို့ ဦးစီးကျင်းပသော (ROTHO TAKEWONDO CHAMPIONSHIP 2022) ပြိုင်ပွဲကို ယနေ့နံနက်၈နာရီ၃၀မိနစ်က ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ (ဘူယောင်းတိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ)တွင် ကျင်းပရာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာမြဟန်၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူ းဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ Rotho-Mentholatun (Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်လူကြီးများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်ပရိတ်သတ်များတက်ရောက်ကြသည်။

ရှေးဦးစွာ Rotho-Mentholatun(Myanmar) Co..Ltd MD ဒေါ်စန္ဒာရွှေ က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အားပြောကြား၍ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်က ကျေးဇူးတင်စကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အောင်ဆန်းတိုက်ကွမ်ဒိုအသင်းက သရုပ်ပြသပြီး ပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင်အပြည်ပြည်ဆိုင်ရာခါးစည်းအနက် (Kukki-Won)ဒန်အဆင့်ရရှိထားသူများနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ခါးစည်းအစိမ်းမှ အနီ(၁)ဒီဂရီအထိ ရရှိထားသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တွင် မှတ်ပုံတင်သွင်း အသိမှတ်ပြုထားသော အသင်းအ့ဝင်များနှင့် အပြည်ပြည်ဆိုင်ရာ ခါးစည်းအနက်ဖြေဆိုထားသူများ ယှဥ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရသည်။

ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းစုစုပေါင်း(၁၃)သင်း ပြိုင်ပွဲဝင်အားကစားသမား(၃၅၀)ကျော်ကပါဝင်ပြီး အမျိုးသား၊အမျိုးသမီးအတိုက်(Kyorungi)နှင့် ကကွက်(Poomsae)ပြိုင်ပွဲများတွင် သက်ငယ်တန်း(Cadet)အဆင့်၊ ူနီယားတန်း(Junior)အဆင့်၊ ကီလိုတန်းအလိုက်ပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။