အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပ

နေပြည်တော်၊ ဇူလိုင် (၂၁)ရက်။

မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြ ပါသည်။

အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများကို (၂၀.၇.၂၀၂၂)ရက်နေ့မှ (၂၉.၇.၂၀၂၂)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက်(၉:၀၀) နာရီမှစတင်၍ အုပ်စုပတ်လည်ပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။