အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ITF ASIA 12 & under team final roundသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရတင်းနစ်အဖွဲ့အားကြိုဆို

ရန်ကုန်၊ စက်တင်ဘာလ(၂၁)ရက်။

ITF asia 12 & under team final round ပြိုင်ပွဲအား (၁၂.၉.၂၀၂၂)ရက်နေ့မှ (၁၇.၉.၂၀၂၂)ရက်နေ့အထိ ကာဇက်စတန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာပြိုင်ပွဲတွင် မြန်မာ- ကာဇက်စတန်ပွဲစဉ်၌ ( ၀:၃ )ဖြင့်လည်းကောင်း၊ မြန်မာ-ပါကစ္စတန် (လက်ရှိချန်ပီယံ) ပွဲစဉ်၌(၂:၁)ဖြင့်လည်းကောင်း၊ မြန်မာ-အီရန်ပွဲစဉ်၌ (၂:၁)ဖြင့်လည်းကောင်း၊ မြန်မာ-ဟောင်ကောင်ပွဲစဉ်၌ (၃:၀) ဖြင့်လည်းကောင်း၊ မြန်မာ-အိန္ဒိယပွဲစဉ်၌(၃:၀)တို့ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ရာ အသင်းလိုက် တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ အောင်ပွဲရ မြန်မာတင်းနစ်အဖွဲ့သည် ယမန်နေ့ည(၈)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ထိန်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။