အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh သည် ဗိုဗီနမ်အားကစားအဖွဲ့မှ နည်းပြများနှင့်အားကစားသမားများအား နှစ်သစ်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်

နေပြည်တော်၊ ဧပြီ(၁၈)။

 အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) ဗီယက်နမ်နိုင်ငံမှ Mr.Nguyen Binh Dinh ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်တာဝန်ရှိသူများသည် ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ မြန်မာနိုင်ငံ ဗိုဗီနမ်အားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြများနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများ အားတွေ့ဆုံ၍ လာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အသင်းအနေဖြင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန်အတွက်  ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေ များနှင့် အမှတ်ပေးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစား လေ့ကျင့်သွားကြရန် အားပေးစကားပြောကြားခဲ့ပြီးနောက် Mr.Nguyen Binh Dinh နှင့်တာဝန်ရှိသူများ သည် အုပ်ချုပ်/နည်းပြများနှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား နှစ်သစ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။