၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(ကျား/မ)ပြိုင်ပွဲကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (ကျား/မ)ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယမန်နေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် […]
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U -18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18(အမျိုးသမီး) ဘောလုံးပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U – 18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယမန်နေ့ U – 18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၁၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို (၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။ ယနေ့(၆.၁၂.၂၀၂၂)ရက်နေ့တွင် မွန်းလွဲ(၃)နာရီမှစတင်၍ […]
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော (ကျား/မ)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်
![]()
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော (ကျား/မ)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာ (၄)။ 2023ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော(ကျား/မ)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဘောလီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ မျိုးဆက်သစ်ဘောလီဘောအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သော ဘောလီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော(ကျား/မ)ပြိုင်ပွဲ အား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲအား သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် […]
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်
![]()
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ် နေပြည်တော်၊ ဒီဇင်ဘာ (3)။ 2023ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ မျိုးဆက်သစ်အမျိုးသမီးဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် လူငယ်လက်ရွေးစင်အားကစားသမားများပါ […]
တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
![]()
တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ(၃)ရက်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ် သဲကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့နယ်တို့တွင် ဒီဇင်ဘာလ(၃)ရက်နေ့ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်း/အမှူထမ်းများ၊ တက္ကသိုလ်/ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ကာယကြံ့ခိုင်အတွဲ(၁)(၂) ၊ Myanmar Fitness Dance စုပေါင်းလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။
(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းငွေ(၉)ခု၊ ကြေး(၃)ခုနှင့် Thailand Traditional Boat and International Swan Boat Race 2022 တွင် ငွေ(၂)ခု၊ ကြေး(၂ )ခု ရရှိပြီး ပြန်လည်ရောက်ရှိ
![]()
(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းငွေ(၉)ခု၊ ကြေး(၃)ခုနှင့် Thailand Traditional Boat and International Swan Boat Race 2022 တွင် ငွေ(၂)ခု၊ ကြေး(၂)ခု ရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊နိုဝင်ဘာလ(၂၈)ရက်။ မြန်မာလှေလှော်အားကစားအဖွဲ့သည်ထိုင်းနိုင်ငံ၊ပတ္တရားမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်မှ (၂၂)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက်အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship )ပြိုင်ပွဲတွင် ငွေ(၉)ခု၊ ကြေး(၃)ခုဖြင့်လည်းကောင်း၊ ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022 )တွင် ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့်ပွဲစဉ် (၁၇)ပွဲတွင် (၁၆)ပွဲအနိုင်ရရှိ၍ စုစုပေါင်းငွေ(၁၁)ခု၊ကြေး(၅)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄) […]
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ တတိယအသုတ် ပြည်ပထွက်ခွာ
![]()
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ တတိယအသုတ် ပြည်ပထွက်ခွာ ရန်ကုန်၊နိုဝင်ဘာလ(၂၁)ရက်။ မြန်မာ-တရုတ် နှစ်နိုင်ငံ အားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် တတိယအသုတ်အနေဖြင့် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့နှင့် မြန်မာလက်ဝှေ့အားကစားအဖွဲ့တို့သည် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် လေယာဉ်အမှတ် UB 805 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံလက်ဝှေ့အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးကိုကိုအောင်တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ် ဦးကျော်ကျော်ဝင်း(အုပ်ချုပ်သူ)နှင့်အတူ နည်းပြ(၄)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၈)ဦးတို့ပါဝင်ပြီး မြန်မာလက်ဝှေ့အားကစားအဖွဲ့တွင် ဒုအရာခံဗိုလ်မြင့်ထွန်း(အုပ်ချုပ်သူ)နှင့်အတူ နည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၁၃)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦး၊ စုစုပေါင်း(၄၆)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရပါသည်။
(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့ ပြည်ပထွက်ခွာ
![]()
(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ နိုဝင်ဘာလ(၁၆)ရက်။ ထိုင်းနိင်ငံ၊ ပတ္တရားမြို့တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship )နှင့် ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022 )သို့ ပါဝင်ယှဉ်ပြိုင်ရန် ယနေ့နံနက်(၁၁)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ လှေလှော်အဖွဲ့ချုပ်မှတာဝနိရှိသူများနှင့် အား/ကာသိပ္ပံမှ သင်တန်းသား/သင်တန်းသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် […]
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားတွေ့ဆုံအားပေးစကားပြောကြား
![]()
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားတွေ့ဆုံအားပေးစကားပြောကြား ရန်ကုန်၊ နိုဝင်ဘာလ(၁၅)ရက်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ထိုင်းနိုင်ငံ၊ပတ္တရားမြို့တွင် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက်အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship) နှင့် ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022)သို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့အား တွေ့ဆုံအားပေးစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများအား သွားရောက်ကြည့်ရှုစစ်ဆေး
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများအား သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ နိုဝင်ဘာလ(၁၄)ရက်။ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုအားကစားခန်းမ၌ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့ လာရောက်ကြည့်ရှုစစ်ဆေးကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြားချက်အတိုင်း ကျန်းမာရေးကိုအထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ စားသောက်နေထိုင်ရေးကိစ္စရပ်များကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေစေရန် ဆောင်ရွက်ပေးထားပါကြောင်း၊ ဂျပန်နည်းပြဆရာ၏ သင်ကြားပြသပေးမှုများကို အထူးဂရုစိုက်လေ့လာသင်ယူလိုက်နာမှတ်သားထားပြီး လေ့ကျင့်မှုများကို သေချာဆောင်ရွက်ကြစေရန်နှင့် နောက်ပိုင်းတွင် မိမိတို့၏ နည်းပြဆရာများနှင့် မိမိတို့ကိုယ်တိုင် လေ့ကျင့်မှုများပြုလုပ်နိုင်ရန် ဆောင်ရွက်စေလိုကြောင်း၊ […]