မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဟော်ကီပြိုင်ပွဲ FLY EAGLE အသင်းဗိုလ်စွဲ
![]()
မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲ FLY EAGLE အသင်းဗိုလ်စွဲ ရန်ကုန်၊ ဒီဇင်ဘာ(၁၇) ။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား၊ အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေကသိမ်ဖြူဟော်ကီကွင်း၌ကျင်းပသည်။ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသအစိုးရအဖွဲ့၀န်ကြီးများ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ အားကစားဝါသနာရှင်များကြည့်ရှုအားပေးကြသည်။ ဗိုလ်လုပွဲတွင် SMART အသင်းနှင့်Fly Eagle အသင်းတို့ယှဉ်ပြိုင်ကစားကြရာFly Eagle အသင်းက SMARTအသင်းကို လေးဂိုး-သုံးဂိုး ဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲအပြီး တတိယရရှိသောTong Tah အသင်း အားအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးအောင်နိုင်ဆွေကလည်းကောင်း၊ ဒုတိယဆုရရှိသော SMARTအသင်းအား မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော် တို့ကတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ကြသည်။ ဆက်လက်၍ ပထမဆုရရှိသော Fly Eagle အသင်းအား တိုင်းဒေသဒေး၀န်ကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့်တံခွန်စိုက်ဖလားချီးမြှင့်ကြသည်။ ထို့နောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားအကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်လျောက်အကောင်းဆုံးဆုရရှိကြသော […]
ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်
![]()
ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု တတိယပတ် အနေနဲ့ စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားမှုကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို မင်းဘူးမြို့ ပြည်သူ့ပန်းခြံတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လူထုအားကစားလှုပ်ရှားမှုနှင့် လမ်းလျှောက်ပွဲသို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့ပတ်လမ်းတစ်လျှောက် စုပေါင်း လမ်းလျှောက်ကြပြီး မင်းဘူးမြို့ ပြည်သူ့ပန်းခြံသို့ ရောက်ရှိကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်အတွင်းရှိ […]
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25 ဘောလုံး(အမျိုးသား) ပြိုင်ပွဲကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25 ဘောလုံး(အမျိုးသား) ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၆)။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများစွာ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25 (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပသည်။ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ […]
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် […]
လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
![]()
လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ မန္တလေး၊ ဒီဇင်ဘာ(၁၄)။ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၄.၁၂.၂၀၂၂)ရက်နေ့နံနက် (၉း၀၀)နာရီ အချိန်၌ ပြည်ကြီးတံခွန်မြို့နယ်ရှိ လေ့ကျင့်ရေး သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်၊ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေးမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို (၁၄.၁၂.၂၀၂၂) မှ (၁၄.၁.၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ
![]()
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာလ(၁၄)ရက်။ မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ချန်ဆားမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာလက်ဝှေ့အားကစားအဖွဲ့နှင့် မြန်မာအလေးမအားကစားအဖွဲ့တို့သည် ယနေ့နေ့လယ် (၁၃:၅၀) နာရီအချိန်တွင် လေယာဉ်အမှတ် MU 2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးအောင်နိုင်ဆွေနှင့်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါ မြန်မာလက်ဝှေ့အားကစားအဖွဲ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မေရီ(အုပ်ချုပ်သူ/နည်းပြ)နှင့် အတူနည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့ပါဝင်ပြီး၊ မြန်မာအလေးမအားကစားအဖွဲ့တွင် ဒုအရာခံဗိုလ်အောင်ကျော်ဦး (အုပ်ချုပ်/နည်းပြ)နှင့်အတူ နည်းပြ(၁)ဦး၊ အမျိုးသားအားကစားသမား(၄)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦး၊ စုစုပေါင်း(၂၃)ဦးတို့ လိုက်ပါသွားကြောင်းသိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၃)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီး(အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံး ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဆက်လက်ကျင်းပရာ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ […]
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ
![]()
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာလ(၁၂)ရက်။ မြန်မာ-တရုတ်နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဆားမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့နှင့် မြန်မာဝူရှူးအားကစားအဖွဲ့တို့သည် ယနေ့နံနက်(၁၁)နာရီအချိန်တွင် လေယာဉ်အမှတ် UB 805 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်ဦး(အုပ်ချုပ်/နည်းပြ)နှင့် အတူနည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား(၂၃)ဦး၊ အမျိုးသမီးအားကစားသမား(၁၆)ဦးတို့ပါဝင်ပြီး၊ မြန်မာဝူရှူးအားကစားအဖွဲ့တွင် ဒုတပ်ကြပ်ထွန်းထွန်းဝင်း (အုပ်ချုပ်/နည်းပြ)နှင့်အတူအမျိုးသားအားကစားသမား(၆)ဦး၊ အမျိုးသမီးအားကစားသမား(၂)ဦး၊စုစုပေါင်း(၅၅)ဦးတို့ လိုက်ပါသွားကြပါသည်။ ဆက်လက်၍ ၁၃.၁၂.၂၀၂၂ ရက်နေ့တွင် မြန်မာလှေလှော်အားကစားအဖွဲ့သည်လည်းကောင်း၊ ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် မြန်မာလက်ဝှေ့အားကစားအဖွဲ့နှင့် မြန်မာအလေးမအားကစားအဖွဲ့ တို့သည်လည်းကောင်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံချန်ဆားမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်းသိရှိရသည်။
ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်
![]()
ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်းတို့မှ ဦးဆောင်၍ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပြည်သူများမှ ပုသိမ်မြို့အဝင် ရွှေရုပ်ထုအဝိုင်းမှ ကိုသိန်းအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲအမှတ်(၁)၊(၂)နှင့် MFD လေ့ကျင့်ခန်းများကို တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည် ။ စုစုပေါင်း အမျိုးသား၊ အမျိုးသမီးအင်အား(၃၁၅၀)ဦးခန့်ပါဝင်ဆင်နွှဲခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ရွှေဘိုမြို့တို့တွင်လည်း လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယပတ် ကျင်းပခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြပါသည်။ အမရပူရခရိုင်/မြို့နယ်တို့တွင်လည်း ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကြီးကို အင်အား(၁၀၀၀)ကျော်ဖြင့် (၁၀.၁၂.၂၀၂၂)နံနက်၆:၀၀နာရီအချိန်၌ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းမှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးအောင်ထွန်းအပါအဝင် ခရိုင်ရဲမှူးကြီး၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများစုပေါင်း၍ […]
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်
![]()
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ် ပဲခူး၊ ဒီဇင်ဘာ ၈ ရက်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ ဟင်္သာတင်းနစ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု့အားပေး ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ အမျိုးသားအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်(A) အသင်းနှင့် ဟင်္သာကလပ်(A) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တင်းနစ်အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဟင်္သာကလပ်(B)အသင်း၊ ဒိုက်ဦးကလပ်(B)အသင်းတို့အား […]