ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ဒက္ခိဏသီရိမြို့နယ် ၊ အထက(၁၈)၌ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၃.၈.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြးရေးမှူး ဦးဝင်းဌေးက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ထို့နောက် တိုက်ကွမ်ဒိုအားကစားနည်းဖြင့်သရုပ်ပြသခဲ့ပါသည်။
20th ASEAN University Games , အမျိုးသမီး ထိုက်ကျိချွမ်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းပြ(နည်းစနစ်) မမြတ်နိုးအိမ်မှ ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ
20th ASEAN University Games,Thailand,Ubon Rachathani အမျိုးသမီး ထိုက်ကျိချွမ်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းပြ(နည်းစနစ်) မမြတ်နိုးအိမ်မှ ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ 20th ASEAN University Games ကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပလျက်ရှိရာ Sunee Tower ၌ ကျင်းပသည့် အမျိုးသမီးထိုက်ကျိချွမ်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းပြ (နည်းစနစ်) မမြတ်နိုးအိမ်မှ ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၁)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်(၇) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့နံနက်ပိုင်းတွင် ဆီးမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ (၂)ဂိုး ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၃၀)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၇) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့နံနက်(၇)နာရီခွဲတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းကို (၂)ဂိုး၊(၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်း […]
ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ
ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ ကျိုင်တုံ၊ ဇူလိုင်(၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်သည် ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းသို့ ” လူငယ်ရေးရာအသိပညာပေး ” ဟောပြောပွဲအားသွားရောက်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်မှ ” လူငယ်နှင့်ခေါင်းဆောင်မှု ” ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ရာ ကျောင်းသား / ကျောင်းသူ ၊ လူငယ်များသည် နောင်အနာဂတ် အချိန်ကာလများတွင် တိုင်းပြည်၏ လူငယ်ခေါင်းဆောင်ကောင်းများဖြစ်လာကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း၊ မိမိတို့မှ ခေါင်းဆောင်နေရာသို့ရောက်ရှိလာလျှင် ခေါင်းဆောင်ကောင်း၏ အင်္ဂါရပ်နှင့်ညီညွှတ်သည့်အချက်များဖြင့် လူငယ်များကိုပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း အားကစား၏အခန်းကဏ္ဍသည်များစွာအထောက်အကူဖြစ်ပါကြောင်း၊ အရည်အချင်းမြင့်မားသော ကျောင်းသား/ကျောင်းသူများအား ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ပြီး ယခုဟောပြောပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ […]
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဇူလိုင်(၂၆)ရက်။ ဇူလိုင် (၃၀)ရက်မှ သြဂုတ်(၆)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင်ကျင်းပပြုလုပ်မည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့နံနက် (၄)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းစင်းလုံးဌားလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့သို့ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများနှင့် ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက် ကြသည်။ အဆိုပါ အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ မြားပစ်၊ Goalball၊ ရေကူး၊ 7-aside ဘောလုံး၊ ထိုင်လျှက်ဘော်လီဘော၊ အလေးမစသည့် အားကစားနည်းခုနှစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်လှမိုး အပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်(၃)ဦး၊ […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၆)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ(၃:၃၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရလဒ် (၃)ဂိုး ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၃)ဂိုးစီဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။ (၂၇.၇.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃:၃၀)နာရီ […]
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပထမအဆင့်ရှုံး/ထွက်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပထမအဆင့်ရှုံး/ထွက်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၂၆)ရက်။ ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရေးအတွက် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့်ရှုံး/ထွက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက နေပြည်တော်စည်ပင်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီး ဌာနအသင်းကို […]
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ လားရှိုး၊ ဇူလိုင် (၂၅)ရက်။ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လားရှိုးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ၂၅.၇.၂၀၂၂ ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပြီး အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့က နေ့လည်(၁၃:၀၀) နာရီအချိန်တွင်ယှဉ်ပြိုင်ကစားခဲ့ရာ လားရှိုးခရိုင်အသင်းမှ တောင်ကြီးခရိုင်အသင်းကို လည်းကောင်းအနိုင်ရရှိခဲ့ပြီး၊ အမျိုးသားဗိုလ်လုပွဲ ပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လောက်ကိုင်) အသင်းတို့ကညနေ(၁၅:၀၀)နာရီအချိန်တွင်ယှဥ်ပြိုင်ကစားခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လောက်ကိုင်)အသင်းမှ တောင်ကြီးခရိုင်အသင်းကို လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။ […]
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၂၅)ရက်။ ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရေးအတွက် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်း […]