အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး

Loading

၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ (ဘူရောင်း)တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ၌ ကျင်းပပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Dragon အသင်းနှင့် YCDC အသင်းတို့က ပထမတံခွန်စိုက်ဆုများ ဆွတ်ခူးရရှိကြသည်။ ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Kang Kmygu နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က အမှာစကားပြောကြားကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် အမျိုးသား/အမျိုးသမီး သက်ငယ်တန်းအဆင့်၊ ဂျူနီယာတန်းအဆင့်၊ ‘က’ကွက် ၊ အတိုက်ပြိုင်ပွဲများကိုကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲ၌ […]

၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို

Loading

၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို ရန်ကုန်၊ ဩဂုတ်(၂၈)ရက်နေ့။ ဗီယက်နမ်နိုင်ငံQuangBinhစီရင်စု၌ (၂၃.၈.၂၀၂၂)ရက်နေ့မှ (၂၇.၈.၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်းဖိုရမ်နှင့် အာဆီယံအပေါင်းလူငယ်စေတနာ့ဝန်ထမ်းဆုချီးမြှင့်ပွဲအခမ်းအနား (ASEAN PLUS Youth Volunteer Forum And ASEAN PLUS Youth Volunteer Award 2022 ) ကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံမှ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းနှင့် ရှင်သန်ရေးလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဒေါ်နိုင်နိုင်ဝင်းထိန်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင် (ရွှေရောင် သမိုင်းလူမှုကူညီရေးအသင်း)နှင့် အသင်းအဖွဲ့ဆုကို ဒေါ်နိုင်နိုင်ဝင်းထိန် (ရှင်သန်ရေးလူမှု ကူညီရေးအသင်း)တို့ကရရှိခဲ့ပါသည်။ တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင်(ကိုယ်စား) လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းမှ […]

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၂၇)ရက်။ လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊စွမ်းရည်၊သတ္တိနှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် “ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက် လက်ဝှေ့ ပြိုင်ပွဲ” ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မင်းဇော်ထွန်း (ကာကွယ်ရေး)နှင့် ရန်ပိုင်(ရှမ်း/တောင်ကြီးကလပ်)တို့ ယှဉ်ပြိုင်ကစားကြရာ မင်းဇော်ထွန်း (ကာကွယ်ရေး)မှလည်းကောင်း၊ မောင်ရှိန်း(ပြည်ထဲရေး)နှင့် ဖြိုးကိုကို (ကာကွယ်ရေး)တို့ ယှဉ်ပြိုင်ကစားကြရာ […]

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၂၁)ရက်။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ (၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ခဲ့ကြပါသည်။ ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းမှ ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၇)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲဆက်လက်ကျင်းပ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်နှင့်တာဝန်ရှိသူများ၊ ကြက်တောင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့နံနက်(၉)နာရီမှစတင်၍ ယနေ့အကြိုဗိုလ်လုပွဲများအပြီးတွင် ဗိုလ်လုပွဲပြိုင်ပွဲသို့ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ တက်ရောက်၍လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဟိန်းထွဋ်(ရန်ကုန်တိုင်းဒေသကြီး)နှင့်ရဲမင်းလွင်(ရှမ်းပြည်နယ်)တို့က ဗိုလ်လုပွဲသို့တက်ရောက်သွားပြီး၊အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် သူရိန်+မိုးသော်ထင်(ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ ခန့်သူနှင့်ဘုန်းထက်ဇော် (ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ၊ စိုင်းမင်းခန့် + ကောင်းပိုင်မင်းခန့်(ရှမ်းပြည်နယ်) နှင့် ပြည့်စုံထွန်း+ကျော်ကျော်ဟန် (ရှမ်းပြည်နယ်)တို့က ပူးတွဲတတိယအသီးသီးရရှိသွားကြသည်။ အမျိုးသမီးအသင်းလိုက်ဗိုလ်လုပွဲပြိုင်ပွဲသို့ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ တက်ရောက်၍လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုလာဒ်(ရန်ကုန်တိုင်းဒေသကြီး)နှင့် ငါးမြှာ(ကယားပြည်နယ်)တို့က ဗိုလ်လုပွဲသို့တက်ရောက်သွားပြီး၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မေမြတ်စိုး+ဝေဝေ (ရန်ကုန်တိုင်းဒေသကြီး)က ပထမနှင့်ထူးခင်ခင်+ ဂျူလိုင်ထွန်း(ရန်ကုန်တိုင်းဒေသကြီး)တို့က ဒုတိယရရှိပြီး […]

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားအား ရေကြည်မြို့နယ် အတွင်းရှိတက်ဆိပ်ကျေးရွာ၊ အ.ထ.က(ခွဲ) တက်ဆိပ်ကျောင်း၌ ကျင်းပပြုလုပ်

Loading

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားအား ရေကြည်မြို့နယ် အတွင်းရှိတက်ဆိပ်ကျေးရွာ၊ အ.ထ.က(ခွဲ) တက်ဆိပ်ကျောင်း၌ ကျင်းပပြုလုပ် ၁၇.၈.၂၀၂၂ရက်နေ့ လူငယ်ရေးရာဟောပြောပွဲအခမ်းအနားအား ရေကြည်မြို့နယ်အတွင်းရှိတက်ဆိပ်ကျေးရွာ၊ အ.ထ.က(ခွဲ) တက်ဆိပ်ကျောင်း၌ ယနေ့ မွန်းလွဲ ၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူးဒေါ်ချယ်ရီမြင့်က” လူငယ်နှင့် အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ငါးသိုင်ချောင်းမြို့ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေက “ အားလပ်ချိန်မှာစာဖတ်ပါ” ခေါင်စဥ်ဖြင့်လည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက” လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်မှူး)က” အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ” ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် PFD အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိအမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်

Loading

၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိအမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ် ရန်ကုန်၊ သြဂုတ်လ(၁၈)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းတိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍” ၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” ကိုယနေ့နံနက် (၉)နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိအမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌဦးအောင်ပိုင် နှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ် / နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကြက်တောင်အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ထူးချွန်ပြီးအလားအလာရှိသောမျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာအဆင့်မီကြက်တောင်အားကစားသမားများပေါ်ထွက်လာစေရန် ၊ ကြက်တောင်အားကစားသမားများအနေနဲ့ ကြက်တောင်အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင် နိုင်စေရန်နှင့် […]

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ

Loading

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်မသန်စွမ်းရေကူးအားကစားပြိုင်ပွဲတွင် မီတာ (၁၀၀)အလွတ်ကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မြန်မာ့လက်ရွေးစင်မသန်စွမ်းဘောလုံး(အမျိုးသား)အသင်းနှင့် ကမ္ဘောဒီးယားမသန်စွမ်းဘောလုံး(အမျိုးသား)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ ကမ္ဘောဒီးယားအသင်းကို ရလဒ်(၉)ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုအား အသီးသီးထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိ

Loading

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမား မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Loading

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၉:၃၀) နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက လူငယ်ရေးရာဦးစီးဌာနနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ဇမ္ဗူသီရိမြို့နယ်တိုက်ကွမ်ဒိုအားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အပြီးတွင် […]