၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲများ ဆက်လက်ကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၆)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ စစ်တုရင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့နံနက်(၉)နာရီမှစတင်၍ အမျိုးသား/အမျိုးသမီး အလွတ်တန်းပွဲစဉ်များတွင် ပွဲစဉ်(၁)၌ အောင်သူ(နေပြည်တော်)နှင့် ကျော်ဇင်လတ်(နေပြည်တော်) တွင် (၁/၂-၁/၂) ၊ ပွဲစဉ်(၂) ဝေယံမျိုး (စစ်ကိုင်း)နှင့် ကျော်ကျော်ထွန်း (မကွေး) တွင် (၁-၀)၊ ပွဲစဉ်(၃) မျိုးတင့်(ကချင်)နှင့် ကျော်မြတ်အောင် (တနင်္သာရီ)တွင် (၀-၁) ၊ ပွဲစဉ်(၄) မင်းခိုင်ဦး (မန္တလေး)နှင့် ဇေယျာအောင်(ရခိုင်) တွင် (၁-၀)၊ ပွဲစဉ် (၅) ဘုန်းလပြည့်(နေပြည်တော်)နှင့် မျိုးကျော်လှိုင်(ပဲခူး)တွင် (၀-၁)၊ ပွဲစဉ်(၆) ကျော်ကျော်ဦး(၁) (ရန်ကုန်)နှင့် […]
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ပဲခူး၊ စက်တင်ဘာ (၆)ရက်။ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုပင်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးသားကြိုးစားစွာ ပြိုင်ပွဲဝင်ခဲ့ကြပြီး ထိုက်တန်သော ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ နိုင်ငံတကာအလယ်မှာ နိုင်ငံတော် အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းကိုလွင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများအတွက် မိမိတို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများအားလုံးကို […]
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ (၆)ရက်။ ရှမ်းပြည်နယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၅.၉.၂၀၂၂ရက်နေ့ ညနေ(၁၅း၀၀)နာရီအချိန်တွင်ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် […]
၂၀၂၂ခုနှစ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ
![]()
၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၅)ရက်။ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ် ဆေးခြင်းကို ၄.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးကို မွန်းလွဲ (၁၄:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) လေ့ကျင့်ရေးဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ပြည်နယ်အတွက် မျိုးဆက်သစ်အားကစားသမားများ […]
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လူငယ်များဟာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကြီးမားတဲ့လူ့စွမ်းအား အရင်းအမြစ်များဖြစ်တဲ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များတွင် အားကိုးအားထားပြုရမယ့် အင်အားစုတစ်ရပ်ဖြစ်လို့ နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်တဲ့အပြင် အနာဂတ်နိုင်ငံတော်ရဲ့ အကောင်းအဆိုးဟာဆိုရင် ဒီကနေ့လူငယ်များရဲ့ စွမ်းဆောင်ရည်၊ကိုယ်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်ဓါတ်၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပေါ်မှာ မှီတည်နေတာဖြစ်လို့ လူငယ်များ ဘက်စုံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့်အသက်( ၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၂. ၉ .၂၀၂၂)ရက်နေ့ညနေ ( ၄း၄၅ )နာရီအချိန်တွင် အောင်မြေမန္တလာ အားကစားကွင်းသစ်ကြီးတွင်ကျင်းပပြုလုပ်ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၄)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲအလိုက်တာဝန်ခံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အသင်းလိုက် အတည်ပြုပြီးနောက် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌဦးမောင်မောင်လွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ကျန်းမာရေးကောင်းစွာဖြင့် စုံစုံညီညီ ပါဝင်ယှဉ်ပြိုင်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကဒ်ရောဂါကြောင့် ရက်၊ လ၊နှစ်ကြာမြင့်စွာ မကျင်းပနိုင်ခဲ့ပေမယ့် ယခုအခါတွင် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု […]
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ
![]()
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာ (၃)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများအား၊ အားကစားနည်းအလိုက် အားကစားထူးချွန်၍ နိုင်ငံ့လက်ရွေးစင်ဖြစ်စေရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာပညာသိပ္ပံ စုပေါင်းစားရိပ်သာ၌ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်ဟောင်း ဘော်လီဘောအားကစားသမားကြီး၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးသိန်းက လေ့ကျင့်ရေး၊ ပညာရေး၊ စိတ်ဓာတ်စည်းကမ်းပိုင်းနှင့် မိမိ၏အားကစားနည်း အတွေ့အကြုံ၊ အောင်မြင်မှုနှင့် ဆုရရှိပြီး ရာထူးအဆင့်ဆင့်တိုးတက်ဂုဏ်ပြုခံခဲ့ရသည့် အားကစားဘဝ ဖြတ်သန်းလာမှုအား ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန် ဟောပြောပို့ချခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ ဦးသိုင်းထွန်းဇော်နှင့် နည်းပြဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး
![]()
၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ (ဘူရောင်း)တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ၌ ကျင်းပပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Dragon အသင်းနှင့် YCDC အသင်းတို့က ပထမတံခွန်စိုက်ဆုများ ဆွတ်ခူးရရှိကြသည်။ ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Kang Kmygu နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က အမှာစကားပြောကြားကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် အမျိုးသား/အမျိုးသမီး သက်ငယ်တန်းအဆင့်၊ ဂျူနီယာတန်းအဆင့်၊ ‘က’ကွက် ၊ အတိုက်ပြိုင်ပွဲများကိုကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲ၌ […]
၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို
![]()
၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို ရန်ကုန်၊ ဩဂုတ်(၂၈)ရက်နေ့။ ဗီယက်နမ်နိုင်ငံQuangBinhစီရင်စု၌ (၂၃.၈.၂၀၂၂)ရက်နေ့မှ (၂၇.၈.၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်းဖိုရမ်နှင့် အာဆီယံအပေါင်းလူငယ်စေတနာ့ဝန်ထမ်းဆုချီးမြှင့်ပွဲအခမ်းအနား (ASEAN PLUS Youth Volunteer Forum And ASEAN PLUS Youth Volunteer Award 2022 ) ကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံမှ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းနှင့် ရှင်သန်ရေးလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဒေါ်နိုင်နိုင်ဝင်းထိန်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင် (ရွှေရောင် သမိုင်းလူမှုကူညီရေးအသင်း)နှင့် အသင်းအဖွဲ့ဆုကို ဒေါ်နိုင်နိုင်ဝင်းထိန် (ရှင်သန်ရေးလူမှု ကူညီရေးအသင်း)တို့ကရရှိခဲ့ပါသည်။ တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင်(ကိုယ်စား) လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းမှ […]
၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၂၇)ရက်။ လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊စွမ်းရည်၊သတ္တိနှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် “ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက် လက်ဝှေ့ ပြိုင်ပွဲ” ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မင်းဇော်ထွန်း (ကာကွယ်ရေး)နှင့် ရန်ပိုင်(ရှမ်း/တောင်ကြီးကလပ်)တို့ ယှဉ်ပြိုင်ကစားကြရာ မင်းဇော်ထွန်း (ကာကွယ်ရေး)မှလည်းကောင်း၊ မောင်ရှိန်း(ပြည်ထဲရေး)နှင့် ဖြိုးကိုကို (ကာကွယ်ရေး)တို့ ယှဉ်ပြိုင်ကစားကြရာ […]