မကွေးခရိုင်၊ မကွေးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မကွေး၊ မတ်လ(၁၉) ရက်။ မကွေးခရိုင်၊မကွေးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ညနေ(၃)နာရီအချိန်တွင် အ. ထ. က (၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေးဌာန တာဝန်ခံဆရာမက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မကွေးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်နှင့်စာရိတ္တ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ် စိတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ မကွေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ်မှူးမှ အားကစားနှင့်ကာယပညာသိပ္ပံအကြောင်းနှင့် နွေရာသီသင်တန်းဖွင့်လှစ်မည့် အကြောင်းတို့ဖြင့်အသီးသီးဟောပြောခဲ့ကြပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း အင်အား(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ (၁၉.၃.၂၀၂၂) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကိုကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင် အား/ကာ ဦးစီးဌာနအနေဖြင့် အားကစား၏အဓိပ္ပယ်၊ […]
မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းဆတ်မြို့ဖိတ်ခေါ်အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ မိုင်းဆတ်၊ မတ်(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မိုင်းဆတ်တပ်နယ်တို့မှ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ မိုင်းဆတ်တပ်နယ် အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်တွင် မိုင်းဆတ်မြို့နယ် အောင်ဇေယျဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဆတ်တပ်နယ် ဒုတိယတပ်နယ်မှူး ဗိုလ်မှူးကြီး မြင့်ကျော် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ခိုင် ၊ မိုင်းဆတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းအောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ဘောလုံးအားကစားဝါသနာရှင်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားနှင့် ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၀)သင်းနှင့် […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၂)ရက်။ မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဓါး(၂)လက်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ လှံရှည်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသမီး)လက်နက်မဲ့ (၁+၁) ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) ဓါးမြှောင်ဗန်တို (၁+၁) ပြိုင်ပွဲ၊ (အမျိုးသား)အခြေခံဗန်တို (၆၃) နည်းပညာ ကျင့်စဉ်ပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစား […]
ရှမ်းပြည်နယ် ဘော်လီဘော League ကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် ဘော်လီဘော League ကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ တောင်ကြီး၊ဖေဖော်ဝါရီ (၃ )ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်အမှတ်များနှင့်အညီ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် ရှမ်းပြည်နယ်အတွင်း မြန်မာ့ဘော်လီဘော အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထောက်ပံ့ပေးလျက် ထူးချွန်ထက်မြက်သော ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်အတွင်း အရည်အချင်းမြင့်မားသော ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်တို့ကို ရည်ရွယ်ပြီး ” SHAN STATE VOLLEYBALL LEAGUE (2022)” ပြိုင်ပွဲကို ( ၁. ၂. ၂၀၂၂ )ရက်နေ့ နံနက် ( ၁၀:၃၀ )နာရီအချိန်တွင် ညောင်ရွှေမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစားရုံအတွင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ဖေဖော်ဝါရီ (၂ )ရက်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်( တောင်ပိုင်း) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့နေ့လည် ( ၁၁:၀၀ )နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ခင်ခင်ထူး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး […]
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ် ပုသိမ်၊ ဇန်နဝါရီလ (၂၇)ရက်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်အခမ်းအနားကို ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမတွင် (၂၇.၁.၂၀၂၂) ရက်နေ့တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပါသည်။ အမျိုးသမီးဗိုလ်လုပွဲအဖြစ် မအူပင်ခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ယှဉ်ပြိုင်ခတ်ကစားရာ ပုသိမ်ခရိုင်အသင်းက ပထမ၊မအူပင်ခရိုင်အသင်းက ဒုတိယ၊ အမျိုးသားဗိုလ်လုပွဲအဖြစ် မအူပင်ခရိုင်အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့ ယှဉ်ပြိုင်ခတ်ကစားရာ မအူပင်ခရိုင်အသင်းကပထမ၊ ဖျာပုံခရိုင်အသင်းက ဒုတိယဆုရရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်းတို့မှ ပထမတံခွန်စိုက်ဆုဖလားများအားလည်းကောင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများမှအသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ ဇန်နဝါရီလ (၂၆)ရက်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ညနေ ( ၁၆:၃၀ ) နာရီ အချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ […]
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပုသိမ်၊ ဇန်နဝါရီလ ၂၅ရက်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမတွင် (၂၅.၁.၂၀၂၂)ရက်နေ့တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပါသည်။ဆက်လက်၍ မြန်မာ့လက်ရွေးစင်ဟောင်းများမှ ခြင်းအလှခတ်ကစားမှု့နှင့် ပြိုင်ပွဲယှဉ်ပြိုင်မှုများအားကြည့်ရှု့အားပေးခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ တောင်ကြီး၊ ဇန်နဝါရီလ ၂၄ရက်။ ရှမ်းပြည်နယ်( တောင်ပိုင်း ) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် (၂၅)နှစ်အောက်မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိဒေသများတွင် မြန်မာ့သိုင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာကျန်းမာပြီး ကြံ့ခိုင်သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားတိုးတက်လာစေရန်နှင့် […]
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီလ(၁၀)ရက်။ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို (၇.၁.၂၀၂၂) ရက်နေ့မှ (၂၁.၁.၂၀၂၂) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ညနေ (၃)နာရီအချိန် တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် […]