မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင် သေနတ်ပစ်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၂၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများ၏ စံချိန်ယူမှတ်တမ်းတင်သေနတ်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ အပြည်ပြည်ဆိုင်ရာသေနတ်ပစ်အားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ပထမနေ့ပွဲစဉ် အဖြစ်အမျိုးသား 10m Air Pistol နှင့် 10m Air Rifle ပြိုင်ပွဲများကျင်းပခဲ့ပြီး ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် အမျိုးသမီး 10m Air Pistol ၊ 10m Air Rifle နှင့် အမျိုးသား25m Standard Pistol ပြိုင်ပွဲများ […]
ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ ကချင်၊ ဒီဇင်ဘာလ (၁၆)ရက်။ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်( ၉၀၀)နာရီအချိန် ပြည်နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည် အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက ဥက္ကဌနှင့် အဖွဲ့ဝင်များ အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လူငယ်သင်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ. သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည် အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း မြန်မာ့လက်ရွေးစင်နှင့် ပြည်နယ်လက်ရွေးစင် အားကစားသမားများက မြန်မာ့သိုင်း သရုပ်ပြသခြင်း ပြည်နယ်ဝန်ကြီးချုပ်မှ သရုပ်ပြသသူများဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း လူငယ်သင်တန်းကျောင်းများအား အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ သင်တန်းနည်းပြဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ […]
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့် အောက်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့်အောက်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့်အောက်အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမ၌ (၁၅.၁၂.၂၀၂၁)ရက်နေ့နံနက်(၀၈၀၀)နာရီတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအားကြည့်ရှု့အားပေးခဲ့ကြပါသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ တောင်ကြီး၊ဒီဇင်ဘာ (၇) ရက်။၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်း ပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ(၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပသည်။ပထမဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင်တွင် ပိုမိုပျော်ရွှင်စေရန်၊ စိတ်ဖိစီးမှုများလျော့ကျစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အပြင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်လာစေသည်သာမက ရောဂါအမျိုးမျိုးကို […]
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မကွေး၊ ဒီဇင်ဘာ (၇) ရက်။ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာလ ၇ ရက် ယနေ့နံနက် ၈ နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားပြိုင်ပွဲ များ ပြုလုပ်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ကျောင်းသား/သူများ အချင်းချင်း တွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကာ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက် ခိုင်မာလာပြီး […]
ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ကယား၊ နိုဝင်ဘာလ(၁၉)ရက်။ ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် လူငယ်လူရွယ်များအတွက် အဓိကအားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီဖြစ်ကြောင်း ၊ ကယားပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် ပြည်နယ်အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ကြိုးစားအကောင်အထည်ဖော်နိုင်ရန်အတွက် ယခုလို အားကစားပညာပေး သင်တန်းများ ဖွင့်လှစ်ပြီး လုပ်သားပြည်သူများ ၊ ကျောင်းသားကျောင်းသူများ ၊ လူငယ် မောင်မယ်များကို ကျန်းမာကြံ့ခိုင်ပြီး […]
ပဲခူးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ် ပဲခူး နိုဝင်ဘာ ၂၂ရက်။ ပဲခူးမြို့နယ်ပိုက်ကျော်ခြင်းအားကစားကဏ္ဍ အဆင့်အတန်းတိုးတက်မြင့်မားပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သည့် မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ(၂၂)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တတိယနေရာလုပွဲစဉ်အဖြစ် ဇိုင်း/တောင်(က)ကလပ်အသင်းနှင့် ခိုင်ဦးကလပ်အသင်းတို့ကလည်းကောင်း၊ ပထမဗိုလ်လုပွဲစဉ်အဖြစ် စည်တီးကလပ်အသင်းနှင့် မဟာမြိုင်ကလပ်အသင်းတို့ကလည်းကောင်း အသီးသီးယှဉ်ကစားကြရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးကြသည်။ ထို့နောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်မှ ပိုက်ကျော်ခြင်းလုံးများထောက်ပံ့ပေးအပ်ပြီး နောက်ထိန်း၊ ပင့်ထောက်၊ ရိုက်ခုပ် အကောင်းဆုံးအားကစားသမားဆုရရှိသူများအား မြို့နယ်အားကစားမှူးဦးဝင်းကျော်နှင့် တာဝန်ရှိသူများက ငွေသားဆုငွေနှင့် ဆုတံဆိပ်များပေးအပ်ကြသည်။ ယင်းနောက် တတိယဆုရရှိသော ခိုင်ဦးကလပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်းကျပ်ကို […]
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ်လှေလှော်ပြိုင်ပွဲနှင့်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ်လှေလှော်ပြိုင်ပွဲနှင့်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၄) ရက်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ် လှေလှော်ပြိုင်ကို ယနေ့နံနက်(၈) နာရီတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။ အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ လှေ(၁)ယောက်လှော် အမျိုးသား မီတာ(၂၀၀) ၊ (၂) ယောက်လှော် အမျိုးသား […]
မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲကျင်းပ မကွေး၊အောက်တိုဘာလ၂၈ရက်။မကွေးတိုင်းဒေသကြီး၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲအား မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ဘားအံ၊အောက်တိုဘာလ၂၈ရက်။ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို (၂၈.၁၀.၂၀၂၁) ရက်နေ့ ၊ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ဘားအံမြို့ လှာကမြင် အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ရှေ့ဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ၃ ပွဲပြတ်ဖြင့်အနိုင်ရရှိသွားပါသည်။ ထိုနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ […]