အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ

Loading

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်မသန်စွမ်းရေကူးအားကစားပြိုင်ပွဲတွင် မီတာ (၁၀၀)အလွတ်ကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မြန်မာ့လက်ရွေးစင်မသန်စွမ်းဘောလုံး(အမျိုးသား)အသင်းနှင့် ကမ္ဘောဒီးယားမသန်စွမ်းဘောလုံး(အမျိုးသား)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ ကမ္ဘောဒီးယားအသင်းကို ရလဒ်(၉)ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုအား အသီးသီးထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိ

Loading

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမား မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Loading

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၉:၃၀) နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက လူငယ်ရေးရာဦးစီးဌာနနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ဇမ္ဗူသီရိမြို့နယ်တိုက်ကွမ်ဒိုအားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အပြီးတွင် […]

ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ဒက္ခိဏသီရိမြို့နယ် ၊ အထက(၁၈)၌ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၃.၈.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြးရေးမှူး ဦးဝင်းဌေးက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ထို့နောက် တိုက်ကွမ်ဒိုအားကစားနည်းဖြင့်သရုပ်ပြသခဲ့ပါသည်။

20th ASEAN University Games , အမျိုးသမီး ထိုက်ကျိချွမ်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းပြ(နည်းစနစ်) မမြတ်နိုးအိမ်မှ ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

Loading

20th ASEAN University Games,Thailand,Ubon Rachathani အမျိုးသမီး ထိုက်ကျိချွမ်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းပြ(နည်းစနစ်) မမြတ်နိုးအိမ်မှ ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ 20th ASEAN University Games ကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပလျက်ရှိရာ Sunee Tower ၌ ကျင်းပသည့် အမျိုးသမီးထိုက်ကျိချွမ်ပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နည်းပြ (နည်းစနစ်) မမြတ်နိုးအိမ်မှ ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၁)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်(၇) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့နံနက်ပိုင်းတွင် ဆီးမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ (၂)ဂိုး ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၃၀)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၇) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့နံနက်(၇)နာရီခွဲတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းကို (၂)ဂိုး၊(၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်း […]

ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ

Loading

ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ ကျိုင်တုံ၊ ဇူလိုင်(၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်သည် ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းသို့ ” လူငယ်ရေးရာအသိပညာပေး ” ဟောပြောပွဲအားသွားရောက်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်မှ ” လူငယ်နှင့်ခေါင်းဆောင်မှု ” ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ရာ ကျောင်းသား / ကျောင်းသူ ၊ လူငယ်များသည် နောင်အနာဂတ် အချိန်ကာလများတွင် တိုင်းပြည်၏ လူငယ်ခေါင်းဆောင်ကောင်းများဖြစ်လာကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း၊ မိမိတို့မှ ခေါင်းဆောင်နေရာသို့ရောက်ရှိလာလျှင် ခေါင်းဆောင်ကောင်း၏ အင်္ဂါရပ်နှင့်ညီညွှတ်သည့်အချက်များဖြင့် လူငယ်များကိုပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း အားကစား၏အခန်းကဏ္ဍသည်များစွာအထောက်အကူဖြစ်ပါကြောင်း၊ အရည်အချင်းမြင့်မားသော ကျောင်းသား/ကျောင်းသူများအား ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ပြီး ယခုဟောပြောပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ […]

(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ

Loading

(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ ဇူလိုင်(၂၆)ရက်။ ဇူလိုင် (၃၀)ရက်မှ သြဂုတ်(၆)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင်ကျင်းပပြုလုပ်မည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ယနေ့နံနက် (၄)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းစင်းလုံးဌားလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့သို့ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများနှင့် ရန်ကုန်တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက် ကြသည်။ အဆိုပါ အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ မြားပစ်၊ Goalball၊ ရေကူး၊ 7-aside ဘောလုံး၊ ထိုင်လျှက်ဘော်လီဘော၊ အလေးမစသည့် အားကစားနည်းခုနှစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်လှမိုး အပါအဝင် ဖိတ်ကြားခံပုဂ္ဂိုလ်(၃)ဦး၊ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၆)ရက်။  မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍       ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ(၃:၃၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။  ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရလဒ် (၃)ဂိုး ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၃)ဂိုးစီဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါသည်။  (၂၇.၇.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃:၃၀)နာရီ […]