(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့ ပြည်ပထွက်ခွာ

(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့ ပြည်ပထွက်ခွာ ရန်ကုန်၊ နိုဝင်ဘာလ(၁၆)ရက်။ ထိုင်းနိင်ငံ၊ ပတ္တရားမြို့တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship )နှင့် ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022 )သို့ ပါဝင်ယှဉ်ပြိုင်ရန် ယနေ့နံနက်(၁၁)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ လှေလှော်အဖွဲ့ချုပ်မှတာဝနိရှိသူများနှင့် အား/ကာသိပ္ပံမှ သင်တန်းသား/သင်တန်းသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် […]
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားတွေ့ဆုံအားပေးစကားပြောကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားတွေ့ဆုံအားပေးစကားပြောကြား ရန်ကုန်၊ နိုဝင်ဘာလ(၁၅)ရက်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ထိုင်းနိုင်ငံ၊ပတ္တရားမြို့တွင် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက်အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship) နှင့် ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022)သို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့အား တွေ့ဆုံအားပေးစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများအား သွားရောက်ကြည့်ရှုစစ်ဆေး

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများအား သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ နိုဝင်ဘာလ(၁၄)ရက်။ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုအားကစားခန်းမ၌ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့ လာရောက်ကြည့်ရှုစစ်ဆေးကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြားချက်အတိုင်း ကျန်းမာရေးကိုအထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ စားသောက်နေထိုင်ရေးကိစ္စရပ်များကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေစေရန် ဆောင်ရွက်ပေးထားပါကြောင်း၊ ဂျပန်နည်းပြဆရာ၏ သင်ကြားပြသပေးမှုများကို အထူးဂရုစိုက်လေ့လာသင်ယူလိုက်နာမှတ်သားထားပြီး လေ့ကျင့်မှုများကို သေချာဆောင်ရွက်ကြစေရန်နှင့် နောက်ပိုင်းတွင် မိမိတို့၏ နည်းပြဆရာများနှင့် မိမိတို့ကိုယ်တိုင် လေ့ကျင့်မှုများပြုလုပ်နိုင်ရန် ဆောင်ရွက်စေလိုကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက စခန်းသွင်းလေ့ကျင့်နေသည့် ကာယဗလလက်ရွေးစင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက စခန်းသွင်းလေ့ကျင့်နေသည့် ကာယဗလလက်ရွေးစင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး ရန်ကုန်၊ နိုဝင်ဘာလ(၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့သည် ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀င်းအတွင်းရှိ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်သို့ရောက်ရှိရာ အားကစားသမားများ၏ နေထိုင်စားသောက်မှုနှင့် လေ့ကျင့်နေမှုများအား အဆင်ပြေမပြေ မေးမြန်းကြည့်ရှု၍ ဆုတံဆိပ်ရရှိမှုကို အစွမ်းကုန်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို တာ၀န်ရှိသူများနှင့်အတူ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ကို မှာကြားခဲ့သည်။ ဆက်လက်၍ အစည်းဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်သန်းနှင့် ဒေါ်ရီရီဝင်း၊ အမှုဆောင်များ၊ နည်းပြ/အုပ်ချုပ်သူများ တက်ရောက်ကြပြီး ဒုတိယဥက္ကဌ ဦးကျော်သန်းက အောင်မြင်မှုရရှိရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်မှ ပြင်ဆင်ဆောင်ရွက်ထားသည့် […]
(၆၇)နှစ်မြောက် ကရင်ပြည်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၆၇)နှစ်မြောက် ကရင်ပြည်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ (၆၇)နှစ်မြောက် ကရင်ပြည်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၇.၁၁.၂၀၂၂ ၊ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် ဘားအံမြို့ ၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီးမီတာ(၁၀၀)နှင့်အမျိုးသား မီတာ(၄၀၀)ပွဲစဉ်များကိုယှဉ်ပြိုင်ကြရာ အမျိုးသမီး မီတာ (၁၀၀)ပွဲစဉ် နန်းနှင်းနှင်းလှိုင် (ဘားအံ)မှ ပထမ ၊ နော်ဇူလိုင်ဖော (ဖာပွန်)မှ ဒုတိယနှင့် နန်းဟိဖောင် (လှိုင်းဘွဲ)တို့မှ တတိယ ရရှိခဲ့ပြီး အမျိုးသားမီတာ(၄၀၀) ပွဲစဉ်ကို ဆက်လက်ကျင်းပရာ […]
၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ မကွေး၊ နိုဝင်ဘာ ၆ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့က မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂေါက်သီး ရိုက်အားစားပြိုင်ပွဲကို ဂေါက်သီးရိုက် အားကစားသမားများ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေရန်နှင့် တိုင်းဒေသကြီးအတွင်း ဂေါက်သီးရိုက် အားကစားအဆင့်အတန်း တိုးတက်မှု အခြေအနေအား ဆန်းစစ်ရန်နှင့် […]
၂၀၂၂ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ ( ၆ )ရက်။ ၂၀၂၂ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနားကျင်းပနိုင်ရန် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ၊ မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းရုံး၌ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဥက္ကဋ္ဌ Drဦးနန္ဒကျော်စွာ၊ နာယက ဦးသက်ဝင်း၊ ဦးအုန်းရှိန်နှင့် ဦးတင်အောင်(ဂိုး) ဒုတိယဥက္ကဋ္ဌ ဦးအေးမောင်ကြီး၊ ဦးမောင်မြင့်၊ ဦးလှရွှေလေး နှင့် အမှု့ဆောင်များ၊ အလှူရှင်များတက်ရောက်ကြသည်။ ရှေးဦးစွာ ဥက္ကဋ္ဌ Drဦးနန္ဒကျော်စွာက ကမ္ဘာတည်သ၍ အားကစားဆိုတာရှိနေမှာဖြစ်ပြီး၊ အားကစားရှိနေသ၍ လက်ရွေးစင်အားကစားသမားဆိုတာ ရှိနေမှာဖြစ်တဲ့အတွက် သမိုင်းအမွေလက်ဆင့်ကမ်းရင်း အသင်းကြီး တည်တံ့ပျံ့ပွားရေးကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး၊ အတွင်းရေးမှူး ဦးစိုးသိန်းက နှစ်ပတ်လည်အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစီစဉ်များကို […]
၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လောက်ကိုင်မြို့၊ အောက်တိုဘာ ၃၀ ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉.၁၀.၂၀၂၂ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယောဟန်နှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ မြို့ပေါ်ရှိဖူဆယ်ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အမှုဆောင်များ၊ နည်းပြများနှင့် လက်ရွေးစင်အားကစားသမားများတက်ရောက်ကြပါသည်။ အဆိုပါ အကြိုဆန်းစစ်လက်ရည်စမ်း ဂျူဒိုပြိုင်ပွဲတွင် ဝိတ်တန်း (-81kg) ၊ (-57kg)၊ (-66kg)၊ (-73kg)၊ (-48kg)၊ (-52kg)၊(-70kg)၊ (-60kg)၊ (-45kg)၊ စုစုပေါင်း ဝိတ်တန်း(၉)တန်းဖြင့် ပတ်လည်နှင့် ရှုံး/ထွက်စနစ် ယှဉ်ပြိုင်ကစားပြီး ဗိုလ်လုပွဲအား ၂၈.၁၀.၂၀၂၂ ရက်နေ့တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
၂၀၂၂ခုနှစ်၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၄)။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ညနေ(၃)နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(ဂိုးမရှိ)သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေး တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အုပ်စု(က)တွင် ပထမဖြင့်လည်းကောင်း၊ကချင်ပြည်နယ်အသင်းမှဒုတိယဖြင့်လည်းကောင်း ကွာတားဖိုင်နယ်သို့ […]