အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၈)။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများစွာ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁) နှင့်(၃)တို့တွင်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ […]

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၈)။ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာနမှ ကှီးမှူးကငွြးပသည့ြ ၂၀၂၃ခုနှဈ၊ (၇၅)နှဈမှောကြ စိနရြတုလှတလြပရြေးနေ့အထိမြးအမှတြ နိုငငြံတောစြီမံအုပခြွုပရြေးကောငစြီဥကျကဋျဌဖလား ဝနကြှီးဌာန ပေါငြးစုံ ဘောလြီဘော(အမွိုးသား/အမွိုးသမီး) ပှိုငပြှဲ အုပစြုပတလြညြပှဲစဉမြွားကို ယနေ့နံနကြ(၉)နာရီမှ စတငြ၍ နပှညေတြောြ ဝဏျဏသိဒျဓိအားကစားရုံ(B)၌ ဆကလြကကြငွြးပခဲ့ရာ အားကစားနှင့လြူငယြ ရေးရာဝနကြှီးဌာန ဒုတိယဝနကြှီး ဦးမွိုးလှိုငြ၊ ပှညထြောငစြုဝနကြှီးဌာနမွားမှ တာဝနရြှိပုဂိဂုလမြွား၊ အားကစားနှင့ကြာယပညာဦးစီးဌာန ညှှနကြှားရေးမှူးခွုပြ ဦးထှနြးမှင့ြဦးနှင့ြ တာဝနရြှိပုဂျဂိုလမြွား၊  ဌာနဆိုငရြာမွားမှ အရာထမြး/အမှုထမြးမွား၊ မှနမြာနိုငငြံဘောလြီဘောအဖှဲ့ခွုပမြှ တာဝနရြှိသူမွားနှင့ြ အားကစားဝါသနာရှငမြွား လာရောကကြှည့ရြှုအားပေးခဲ့သညြ။ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ပွဲ […]

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Loading

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ဘားအံ၊ ဒီဇင်ဘာ (၁၈)။ (၁၈-၁၂-၂၀၂၂) ရက်နေ့ နံနက် (၈း၀၀)နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်၌ ကျင်းပပြုလုပ်သော ၂၇၆၂ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ စသည်ဖြင့် အသီးသီးတက်ရောက်ခဲ့ကြပါသည်။ ၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကြက်ခြေနီတပ်ဖွဲ့ ဂုဏ်ပြုငွေအား ပြည်နယ်လူမှုရေးရာဝန်ကြီး၏ ဇနီးမှလည်းကောင်း၊ ကျန်းမာရေးအဖွဲ့ ဂုဏ်ပြုငွေအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီးမှ လည်းကောင်း၊ ရေပြင်သက်ကယ်အဖွဲ့ ဂုဏ်ပြုငွေအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ လည်းကောင်း၊ အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း၊ အမျိုးသား(၅)တက်လှော်ပြိုင်ပွဲ နှစ်သိမ့်ဆုများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးမှ […]

မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဟော်ကီပြိုင်ပွဲ FLY EAGLE အသင်းဗိုလ်စွဲ

Loading

မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲ FLY EAGLE အသင်းဗိုလ်စွဲ ရန်ကုန်၊ ဒီဇင်ဘာ(၁၇) ။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဌဖလား၊ အမျိုးသားအလွတ်တန်းဟော်ကီပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေကသိမ်ဖြူဟော်ကီကွင်း၌ကျင်းပသည်။ ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသအစိုးရအဖွဲ့၀န်ကြီးများ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ အားကစားဝါသနာရှင်များကြည့်ရှုအားပေးကြသည်။ ဗိုလ်လုပွဲတွင် SMART အသင်းနှင့်Fly Eagle အသင်းတို့ယှဉ်ပြိုင်ကစားကြရာFly Eagle အသင်းက‌ SMARTအသင်းကို‌ လေးဂိုး-သုံးဂိုး ဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲအပြီး တတိယရရှိ‌သောTong Tah အသင်း အားအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးအောင်နိုင်ဆွေကလည်းကောင်း၊ ဒုတိယဆုရရှိသော SMARTအသင်းအား မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦး‌စောလုလုထော် တို့ကတစ်ဦးချင်းဆုတံဆိပ်နှင့်‌ငွေသားဆုများ‌ချီးမြှင့်ကြသည်။ ဆက်လက်၍ ပထမဆုရရှိ‌သော Fly Eagle အသင်းအား တိုင်း‌ဒေသဒေး၀န်ကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်၊‌ ငွေသားဆုနှင့်တံခွန်စိုက်ဖလားချီးမြှင့်ကြသည်။ ထို့‌နောက်‌ ရှေ့တန်း၊ အလယ်တန်း၊‌ နောက်တန်း၊ ဂိုးသမားအ‌ကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်‌လျောက်အ‌ကောင်းဆုံးဆုရရှိကြ‌သော […]

ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ်

Loading

ပြည်နယ်/တိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပပြုလုပ် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု တတိယပတ် အနေနဲ့ စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားမှုကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို မင်းဘူးမြို့ ပြည်သူ့ပန်းခြံတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လူထုအားကစားလှုပ်ရှားမှုနှင့် လမ်းလျှောက်ပွဲသို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့ပတ်လမ်းတစ်လျှောက် စုပေါင်း လမ်းလျှောက်ကြပြီး မင်းဘူးမြို့ ပြည်သူ့ပန်းခြံသို့ ရောက်ရှိကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်အတွင်းရှိ […]

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25 ဘောလုံး(အမျိုးသား) ပြိုင်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25 ဘောလုံး(အမျိုးသား) ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၆)။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများစွာ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ U-25 (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပသည်။ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ […]

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် […]

လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ မန္တလေး၊ ဒီဇင်ဘာ(၁၄)။ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၄.၁၂.၂၀၂၂)ရက်နေ့နံနက် (၉း၀၀)နာရီ အချိန်၌ ပြည်ကြီးတံခွန်မြို့နယ်ရှိ လေ့ကျင့်ရေး သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်၊ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေးမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို (၁၄.၁၂.၂၀၂၂) မှ (၁၄.၁.၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ

Loading

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာအားကစားအဖွဲ့ပြည်ပထွက်ခွာ ရန်ကုန်၊ ဒီဇင်ဘာလ(၁၄)ရက်။ မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ချန်ဆားမြို့တွင် ပူးတွဲလေ့ကျင့်မှုပြုရန် မြန်မာလက်ဝှေ့အားကစားအဖွဲ့နှင့် မြန်မာအလေးမအားကစားအဖွဲ့တို့သည် ယနေ့နေ့လယ် (၁၃:၅၀) နာရီအချိန်တွင် လေယာဉ်အမှတ် MU 2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးအောင်နိုင်ဆွေနှင့်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါ မြန်မာလက်ဝှေ့အားကစားအဖွဲ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မေရီ(အုပ်ချုပ်သူ/နည်းပြ)နှင့် အတူနည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့ပါဝင်ပြီး၊ မြန်မာအလေးမအားကစားအဖွဲ့တွင် ဒုအရာခံဗိုလ်အောင်ကျော်ဦး (အုပ်ချုပ်/နည်းပြ)နှင့်အတူ နည်းပြ(၁)ဦး၊ အမျိုးသားအားကစားသမား(၄)ဦး၊ အမျိုးသမီးအားကစားသမား(၅)ဦး၊ စုစုပေါင်း(၂၃)ဦးတို့ လိုက်ပါသွားကြောင်းသိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)  U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)  U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၃)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီး(အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံး ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဆက်လက်ကျင်းပရာ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ […]