၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ရှုံးထွက် ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ရှုံးထွက် ပွဲစဉ်များအဖြစ် စွမ်းအင်ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၆)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၁၀)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို (၁၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ရှုံးထွက် […]
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက် မုံရွာ ဒီဇင်ဘာ(၂၅)ရက်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများကို အကောင်အထည်ဖော် […]
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၅)။ ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်သော မျိုးဆက်သစ် ဂေါက်သီးရိုက် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။ ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များအဖြစ် တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲတွင် ချစ်ရင်ထူး(ပဲခူးတိုင်း)မှ သတ်မှတ်ရိုက်ချက် (၁၄၄)ချက်ထက်လျော့ပြီး အကောင်းဆုံး စုစုပေါင်းရိုက်ချက် (၁၂၄)ချက်ဖြင့် အဆင့်(၁)၊ အောင်မျိုးထွန်း(တနင်္သာရီတိုင်း)မှ စုစုပေါင်းရိုက်ချက် (၁၂၅)ချက်ဖြင့် အဆင့်(၂)၊ […]
ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စတုတ္ထအပတ်အနေဖြင့် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့်ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ(လွန်ဆွဲ၊ ဂိုးကျဉ်း၊ ဖားခုန်၊ ဂုန်နီအိတ်စွပ်)ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်ဘက်ဆိုင်အကြီးအကဲများ၊ အား/ကာသိပ္ပံ(စစ်တွေ)မှ ဝန်ထမ်းများ၊ ပြည်နယ်အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသားများ၊ နတလမှ ဆရာ/ဆရာမကျောင်းသား/သူများ၊ ရပ်မိရပ်ဘက်များနှင့် မိဘပြည်သူများတက်ရောက်ကြပြီး တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့တွင်လည်း ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆင်နွှဲခဲ့ကြပါသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်းတို့မှ ဦးဆောင်၍ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပြည်သူများမှ ပုသိမ်မြို့အဝင်ရွှေရုပ်ထုအဝိုင်းမှကိုသိန်းအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲအမှတ်(၁)၊(၂)နှင့် MFD လေ့ကျင့်ခန်းများကို တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြပါသည် ။ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ […]
လေးမျက်နှာမြို့နယ်၊ အထက(ခွဲ) ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လေးမျက်နှာမြို့နယ်၊ အထက(ခွဲ) ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ လေးမျက်နှာ ဒီဇင်ဘာ(၂၀)။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက(ခွဲ)ခတ္တူအခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ကျောင်းသားကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးတင်ရွှေမှ လူငယ်များအသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေမှတဆင့် ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်များဖြစ်သည့်အခါ ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် လိုအပ်ကြောင်းဟောပြောခဲ့ပြီး လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးဒေါ်ယဉ်ယဉ်ထွန်းမှ ကျောင်းသားကျောင်းသူများ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦး အောင်သန်းဌေးမှ စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ အခြေခံပညာကျောင်းများ၌ စားသုံးရန်မသင့်သော အစားအစာများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးမှုအခြေအနေများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လေးမျက်နှာမြို့နယ်ရုံးမှ အားကစားမှူး ဦးတေဇာမျိုးက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ အခမ်းအနားသို့ အထက(ခွဲ)ခတ္တူအခြေခံပညာအထက်တန်းကျောင်းမှ […]
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၉)။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများစွာ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် (၃) တို့တွင်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ ဘောလုံးဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့် […]
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပခဲ့ပါသည်။ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိသည်။ […]
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲများကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (1၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်မြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသင်းက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို […]
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌဖလား ဘတ်စကက်ဘော ဗိုလ်လုပွဲပြိုင်ပွဲကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌဖလား ဘတ်စကက်ဘော ဗိုလ်လုပွဲပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဒီဇက်ဘာ (၁၉)။ ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌဖလားအမျိုးသား၊အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သု၀ဏ္ဏ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘတ်စက်ဘောအဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ ကြည့်ရှုအားပေးကြသည်။ ဗိုလ်လုပွဲ ဘတ်စကက်ဘောအမျိုးသား၊ အမျိုးသမီး အလွတ်တန်း 5×5ပြိုင်ပွဲသည် ၁၀မီနစ်လေးပိုင်း အကြိတ်အနယ်ကစားကြရာ အမျိုးသမီးအလွတ်တန်တွင် A.Studio အသင်းက Western Park အသင်းကို ၆၅မှတ်၊၃၅မှတ်ဖြင့်လည်းကောင်း၊အမျိုးသားအလွတ်တန်း၌ Sam Par Oo အသင်းက Legend […]
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ဒီဇင်ဘာ ၁၈။ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်များကိုယနေ့ညနေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း (ရန်ကုန်)၌ ကျင်းပသည်။ ဗိုလ်လုပွဲပြိုင်ပွဲများတွင် ပထမတန်း အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် မာဏမင်းအသင်းက A.Teamအသင်းကိုနှစ်ပွဲ၊တစ်ပွဲဖြင့်လည်းကောင်း၊ ဒုတိယတန်းအမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပျဉ်းမနား(PTE)အသင်းက မာဏမင်းအသင်းကိုနှစ်ပွဲ၊တစ်ပွဲဖြင့်လည်းကောင်းအနိုင်ရရှိသွားသည်။ ယင်းပြိုင်ပွဲကိုပတ်လည်စနစ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအပြီး ပထမတန်း အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမမာဏမင်းအသင်း၊ ဒုတိယA.Teamအသင်း၊ တတိယK.T.Rအသင်း၊ ဒုတိယတန်းအမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမ ပျဥ်မနား (Pte)အသင်း၊ ဒုတိယ မာဏမင်းအသင်း၊တတိယ K.T.Rအသင်းနှင့် အမျိုးသမီးအသင်းလိုက်နှင့်အသက်၆၀နှစ်အထက်အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင်ဆုရရှိကြသော အားကစားသမားများကို မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ထိန်၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီ းဦးအောင်နိုင်ဆွေ၊ ဒုတိယဥက္ကဌတို့က တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုများနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ကြသည်။ ပြိုင်ပွဲကို ဒီဇင်ဘာ၁၆ရက်မှ ၁၈ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းမှ တင်းနစ်ကစားသမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။