အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲ

Loading

အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲ အာရှရုံတွင်းနှင့်ကိုယ်ခံပညာပေါင်းစုံအားကစားပြိုင်ပွဲ (Asian Indoor and Martial Arts Games) သည် အာရှမိုးလုံလေလုံအားကစားပြိုင်ပွဲများနှင့် အာရှကိုယ်ခံပညာ ကစားနည်းများ ပေါင်းစည်းယှဉ်ပြိုင်သော အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး အဆိုပါ အားကစားပြိုင်ပွဲကို အာရှ အိုလံပစ်ကောင်စီ (OCA) ကြီးကြပ်သည်။ အာရှအိုလံပစ်ကော်မတီအသိအမှတ်ပြု ၄၅ နိုင်ငံနှင့် ပင်လယ်သမုဒ္ဒရာပိုင်းဒေသ အမျိုးသားအိုလံပစ်ကော်မတီ ၁၈ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၇ ခုနှစ် အာရှရုံတွင်းအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (အမျိုးသား /အမျိုးသမီး) အားကစားနည်း မှ ငွေတံဆိပ် (၁)ခုစီ၊ ၂၀၀၉ ခုနှစ် အာရှကိုယ်ခံပညာ ပေါင်းစုံပြိုင်ပွဲတွင် ဝူရှုးအားကစားနည်းမှ ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ် (၁) တစ်ခုနှင့် ၂၀၁၃ ခုနှစ် အာရှရုံတွင်းနှင့်ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် ဘိလိယက်ကစားနည်းမှ […]

အာရှအားကစားပြိုင်ပွဲ

Loading

အာရှအားကစားပြိုင်ပွဲ (Asian Games) ကို ၁၉၅၁ခုနှစ် ၊ အိန္ဒိယနိုင်ငံတွင် စတင် ကျင်းပခဲ့ပြီး၊ ယခုအချိန်ထိ (၁၆)ကြိမ်မြောက်ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။ (၁၆)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့၌ ၂၀၁၀ ခုနှစ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် (၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ကိုရီးယားနိုင်ငံ၊ အင်ချုံမြို့တွင် လက်ခံကျင်းပပြုလုပ် မည်ဖြစ်သည်။ ၁၉၅၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ လက်ခံကျင်းပခဲ့သည့် အိမ်ရှင် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1. India 2. Philippine 3. Japan 4. Indonesia 5. Thai 6. Iran 7. Korea 8. China 9. Qatar