အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအ့သည် ယနေ့ နေ့လယ်(၁၄း၁၅)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတိုက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၉)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ

Loading

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games) (၂)နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသောအရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games)ကို ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ ၀င်နိုင်ငံပေါင်း (၆)နိုင်ငံပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် တွင် (၂၅)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လာအိုနိုင်ငံတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ စတင်ပြီး ၂၀၀၉ ခုနှစ်အထိ ကျင်းပခဲ့သော အိမ်ရှင်နိုင်ငံများ မှာ အောက်ပါ အတိုင်းဖြစ်သည်။ 1. Thai 2. Myanmar 3. Malaysia 4. Singapore 5. Indonesia 6. Philippine 7. Brunei […]