၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပြေးခုန်ပစ် အပြေးပြိုင်ပွဲနှင့်အခုန်ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲမှ စတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌လည်းကောင်း၊ အပစ်ပြိုင်ပွဲများကို လေ့ကျင့်ရေးကွင်းအမှတ်(၁)၌လည်းကောင်း သတ်မှတ်နေရာများတွင် အသီးသီး ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ မီတာ ၂၀၀၊ မီတာ ၈၀၀၊ မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ)၊ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး(၇)မျိုးစုံ […]