အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးမြို့ရှိ အားကစားကွင်း/အားကစားရုံများနှင့် မန္တလေး အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့် လူငယ်ရေအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးမြို့ရှိ အားကစားကွင်း/အားကစားရုံများနှင့် မန္တလေး အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း ကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာလ(၃)ရက်။ မြန်မာအားကစားအောင်မြင်မှုရရှိရန်နှင့် လူငယ်များ အားကစားကိုလိုက်စားပြီး ကိုယ်ကာယ- စာရိတ္တ ဖွံဖြိုးတိုးတက်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ အဆင့်မြှင့်တင်ကောင်းမွန်စေရန် အထူးအရေးကြီးပြီး မျိုးဆက်သစ်အားကစားသမားများ ပြုစုပျိုးထောင်ရာတွင် အဓိက ကျလျက်ရှိရာ သို့ဖြစ်ပါ၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင်လေ့ကျင့်နေထိုင်ရန် တည်ဆောက်ပြီးဖြစ်သော (၄)ထပ်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး စခန်းဝင်လေ့ကျင့်နေသောအားကစားသမားများ ကျွေးမွေးနေမှု အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ ကယ်လိုရီပြည့်ဝစွာ ပါဝင်သော အာဟာရများအား သန့်ရှင်းသပ်ရပ်စွာ ကျွေးမွေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရွှေမန်းတောင် […]

အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိရေးအစီအမံများ ညှိနှိုင်း အစည်းအဝေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

Loading

အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိရေးအစီအမံများ ညှိနှိုင်း အစည်းအဝေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက် နေပြည်တော်၊ စက်တင်ဘာလ(၁)ရက်။ နိုင်ငံတော်အတွက် အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အားကစားဖြင့် နိုင်ငံ့ဂုဏ် မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိရေး အစီအမံများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစားလေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစားလေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ(၃၁)ရက်။ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာ့လက်ရွေးစင်အားကစားသမားများ Covid-၁၉ ကာလအတွင်း အားကစားလေ့ကျင့်နေမှု အရှိန်အဟုန် မပြတ်စေရန်အတွက် Covid-၁၉ စည်းကမ်းနှင့်အညီ‌ လေ့ကျင့်ဆောင်ရွက်နေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီ အချိန်တွင် လိုက်လံကြည့်ရှုစစ်ဆေးပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Fitness Center ၌ လေ့ကျင့်လျက်ရှိသော ဂျူဒိုအားကစားနည်း၏ Physical Training လေ့ကျင့်နေမှု ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ လေ့ကျင့်လျက်ရှိသော ဝန်ကြီးဌာန အမျိုးသမီးဘောလုံးအားကစားသမားများ လေ့ကျင့်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ အားကစားသမားတစ်ဦးချင်း၏ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားဆေးဘက်ဌာန သို့ သွားရောက်ကြည့်ရှု စစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားဆေးဘက်ဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ မြန်မာ့လက်ရွေးစင် အားကစားသမားများ အစားအသောက်ကျွေးမွေးနေမှုနှင့် အားကစားသမားများအား ကျန်းမာရေး စောင့်ရှောက် ဆောင်ရွက်နေသော အားကစားဆေးဘက်ဌာန သို့ သွားရောက်ကြည့်ရှု စစ်ဆေးပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း စားရိပ်သာသို့ သွားရောက်၍ အားကစားသမားများ နေ့လည်စာ သုံးဆောင်နေမှုကို ကြည့်ရှု စစ်ဆေး၍လည်းကောင်း၊ စားရိပ်သာရှိ ဝန်ထမ်းများ ချက်ပြုတ်ကျွေးမွေးနေမှု၊ သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ အားကစားသမားများ Covid-19 စည်းကမ်းနှင့်အညီ နေထိုင်စားသောက်နိုင်ရေး၊ လေ့ကျင့်မှုတွင် ကုန်ဆုံးသွားသော အားအင်များ ပြန်လည် ပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးကို အားကစားသမားများအား ရင်းနှီးစွာ တွေ့ဆုံမှာကြား၍လည်းကောင်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများနှင့် စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများနှင့် စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးး နေပြည်တော်၊ ဩဂုတ်လ (၂၁)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် (၇)နာရီခွဲအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများနှင့် စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ လက်ရွေးစင်အားကစားသမားများ၏ စားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ အားကစားသမားများ၏ လိုအပ်သော အာဟာရပြည့်ဝစွာ (ကယ်လိုရီ)ကျွေးမွေးနိုင်ရေးနှင့် ချက်ပြုတ်ကျွေးမွေးနေမှု၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Fitness Center GYM ခန်းမသို့ ရောက်ရှိလာပြီး ဂျူဒို၊ ဗိုဗီနမ်၊ တိုက်ကွမ်ဒို၊ ဝူရှူး အားကစားသမားများ အားကစားနည်းအလိုက် Physical Fitness လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး၍ နည်းပြများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ COVID ရောဂါအခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ COVID ရောဂါအခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေး နေပြည်တော်၊ ဩဂုတ်လ (၁၉)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ COVID ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များနှင့် ရောဂါဖြစ်ပွားသည့် အခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ညွန်ကြားရေးမှုးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးကျော်ဦးနှင့် ညွန်ကြားရေးမှုးများ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ ယခုဖြစ်ပေါ်နေသော ကိုဗစ်၁၉ တတိယလှိုင်းသည် ယခင်ထက် ကူးစက်နှုန်မြန်းပြီး လူသေဆုံးမှု မြင့်မားသောကြောင့် နိင်ငံတော်အစိုးရအနေနှင့် ရောဂါကူးစက်နှုန်း လျော့ချပြီး ရောဂါကွင်းဆက် ပြတ်နိင်ရေးတွက် နိင်ငံတစ်ဝှမ်းရှိ မြို့နယ်များအား Stay Home သတ်မှတ်၍လည်းကောင်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ (၁၆) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ မြေလွတ်မြေရိုင်းများ စိမ်းလန်းစိုပြေ လှပစေရေးနှင့်မြေယာရှုခင်း၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိရေးကို ယနေ့နံနက် (၉:၃၀) အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ လိုက်လံကြည့်ရှု စစ်ဆေးပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ရေကန်အမှတ် (၁) နှင့် အမှတ်(၂) စိုက်ခင်းရှိ သီးပင်စားပင်များဖြစ်ကြသော သင်္ဘော၊ မာလကာ၊ ငရုတ်၊ ဖရုံ၊ နေကြာ၊ ပြောင်းဖူး၊ ခရမ်းသီးစသည့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်ရှိ မြန်မာ့အားကစားအဖွဲ့များ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ သြဂုတ်လ(၁၃) ရက်။ ၂၀၂၂ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့မှ အားကစားနည်း (၁၈)မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် လက်ရှိကာလ၌ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၌ အားကစားနည်း(၁၀)မျိုး၊ ရန်ကုန်မြို့၌ အားကစားနည်း(၃)မျိုးအား စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အားကစားအဖွဲ့များ COVID-၁၉ စည်းကမ်းနှင့်အညီ ဝဏ္ဏသိဒ္ဓိရှိ အားကစားကွင်း/ရုံ အသီးသီး၌ လေ့ကျင့် ဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဩဂုတ်လ (၉) ရက်။      အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် (၉:၃၀) အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ်(သထုံခရိုင်)အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ် (သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းမှစ၍ မွန်ပြည်နယ် (သထုံခရိုင်)အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ (ဝေါ)မြို့နယ် အားကစားကွင်း/ အားကစားရုံ များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူများ အားကစားကွင်းရုံများ၌ ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးနှင့် စခန်းသွင်း လေ့ကျင့်မည့် အားကစားသမားများ ပြည့်ပြည့်စုံစုံနှင့် အဆင်ပြေချောမွေ့စွာ နေထိုင် လေ့ကျင့်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိုးလုံလေလုံ အားကစားခန်းမ ရေရှည်တည်တံ့နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း […]