အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း

Loading

မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း ဖွင့်လှစ်သည့် ရည်ရွယ်ချက်၊ ရက်စွဲနှင့် တည်နေရာ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအား မြန်မာ့အားကစားအနေဖြင့် တစ်ချိန်က ရွှေခေတ်သို့ ရောက်ခဲ့ဖူးကြောင်း အများပြည်သူများ သိရှိစေရန်၊ ခေတ်အဆက်ဆက် နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်၊ ဆုဖလားများ ရယူပေးခဲ့သည့် အားကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာ၍ အားကျအတုယူနိုင်စေရန်၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအား ကျင်းပ ပြုလုပ်သည့် အချိန်၌ မြန်မာတပြည်လုံးမှ တိုင်းရင်းသား လုပ်သားပြည်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း အား ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone နေပြည်တော်၌ ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ပြသထားသော ပြခန်းများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအနေဖြင့် အောက်ပါပြခန်း (၇)ခန်း၊ ရှင်းလင်းဆောင် (၁) […]