အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ

Loading

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games) (၂)နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသောအရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games)ကို ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ ၀င်နိုင်ငံပေါင်း (၆)နိုင်ငံပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် တွင် (၂၅)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လာအိုနိုင်ငံတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ စတင်ပြီး ၂၀၀၉ ခုနှစ်အထိ ကျင်းပခဲ့သော အိမ်ရှင်နိုင်ငံများ မှာ အောက်ပါ အတိုင်းဖြစ်သည်။ 1. Thai 2. Myanmar 3. Malaysia 4. Singapore 5. Indonesia 6. Philippine 7. Brunei […]

အာရှအားကစားပြိုင်ပွဲ

Loading

အာရှအားကစားပြိုင်ပွဲ (Asian Games) ကို ၁၉၅၁ခုနှစ် ၊ အိန္ဒိယနိုင်ငံတွင် စတင် ကျင်းပခဲ့ပြီး၊ ယခုအချိန်ထိ (၁၆)ကြိမ်မြောက်ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။ (၁၆)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့၌ ၂၀၁၀ ခုနှစ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် (၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ကိုရီးယားနိုင်ငံ၊ အင်ချုံမြို့တွင် လက်ခံကျင်းပပြုလုပ် မည်ဖြစ်သည်။ ၁၉၅၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ လက်ခံကျင်းပခဲ့သည့် အိမ်ရှင် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1. India 2. Philippine 3. Japan 4. Indonesia 5. Thai 6. Iran 7. Korea 8. China 9. Qatar

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ

Loading

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ (Asian Beach Games) အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို ၂၀၀၈ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် (ပထမ)အကြိမ်အဖြစ် စတင် ကျင်းပခဲ့ပြီး၊ (ဒုတိယ)အကြိမ်အဖြစ် ၂၀၁၀ ခုနှစ်၊ အိုမန်နိုင်ငံ၊ မတ်စ်ကက်မြို့တွင် ကျင်းပခဲ့သည်၊ နိုင်ငံပေါင်း (၃၃) နိုင်ငံ ပါ၀င် ယှဉ်ပြိုင်ခဲ့သည်။ (တတိယ)အကြိမ် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်ယမ်း မြို့တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲမှတ်တမ်း ခုနှစ် အကြိမ် ကျင်းပသည့်မြို့/နိုင်ငံ ပထမရရှိသည့်နိုင်ငံ ဒုတိယရရှိသည့်နိုင်ငံ တတိယရရှိသည့်နိုင်ငံ ၂၀၀၈ ပထမအကြိမ် ဘာလီမြို့(အင်ဒိုနီးရှား) အင်ဒိုနီးရှား၊ ရွှေ(၂၃) ထိုင်း၊ ရွှေ (၁၀) တရုတ်၊ ရွှေ (၆) ၂၀၁၀ ဒုတိယအကြိမ် မတ်စကတ်မြို့(အိုမန်) […]

နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲ

Loading

နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲ(Summer Olympic Games) ခေတ်သစ်အိုလံပစ်ပြိုင်ပွဲ(နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲကို) ၁၈၉၆ ခုနှစ်တွင် ဂရိနိုင်ငံ၊ အေသင်မြို့့၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ၀င်နိုင်ငံပေါင်း(၁၄)နိုင်ငံ ပါ၀င်ယှဉ်ပြိုင်ခဲ့သည်။ ၁၈၉၆ခုနှစ် မှ ၂၀၀၈ခုနှစ်အထိ စုစုပေါင်း (၂၉)ကြိမ် ကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွွဲကို တရုတ်ပြည်သူ့သမ္မနိုင်ငံ ဘေးကျင်းမြို့ ၌ ကျင်းပခဲ့သည်။ ၁၉၁၆ ခုနှစ်၊ (၆)ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ထိုအတူ ဒုတိယကမ္ဘာစစ်ကြောင့် ၁၉၄၀ ခုနှစ်၊ (၁၂) ကြိမ်မြောက်နှင့် ၁၉၄၄ ခုနှစ်၊(၁၃)ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲတို့ကိုလည်း ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ခေတ်ဟောင်းအိုလံပစ်ပြိုင်ပွဲကို စတင်ကျင်းပချိန်တွင် အားကစားနည်း(၃)နည်းဖြင့် စတင်ကျင်းပခဲ့သော်လည်း ယခုအချိန်တွင် အိုလံပစ်အားကစားနည်း (၂၈) နည်းဖြင့် ကျင်းပလျက်ရှိပါသည်။ နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်လျှက်ရှိသည့့်အားကစားနည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1. Athletic 2. Archery […]

ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ

Loading

ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ (Winter Olympic Games) ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို ၁၉၂၄ ခုနှစ် (CHAMONIX) မြို့တွင် စတင်ကျင်းပခဲ့ပြီး (၂၀၁၀) ခုနှစ်တွင် (၂၁) ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်၌ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် အားကစားနည်း (၇)နည်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ တွင်ထည့်သွင်းယှဉ်ပြိုင်လျှက်ရှိသော အားကစားနည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1. Bobsleigh and Tobogganing 2. Curling 3. Ice Hockey 4. Luge 5. Biathlon 6. Skating 7. Ski

လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ

Loading

လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ( Youth Olympic Games) လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် (ပထမ)အကြိမ်အဖြစ် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၄ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်ဂျင်း (NANJING) မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။စင်္ကာပူနိုင်ငံ တွင် ကျင်းပခဲ့သော ပထမအကြိမ်လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ၌ အားကစားနည်း (၂၆)နည်း ထည့်သွင်းကျင်းပ ခဲ့ရာ အောက်ပါအတိုင်းဖြစ်ပါသည်။ 1. Aquatics 2. Archery 3. Athletics 4. Badminton 5. Basketball 6. Boxing 7. Canoe-Kayak 8. Cycling 9. Equestrian 10. Fencing 11. Football 12. Gymnastics 13.Handball 14.Hockey […]