အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ဝန်ထမ်းသား/သမီးများကို မူလတန်းအား ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ၃၁၅ ဦး၊ အလယ်တန်းအား ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၁၁၄ ဦး၊ အထက်တန်းအား ကျပ် ၃၀,၀၀၀ နှုန်းဖြင့် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဇွန် ၇။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် […]

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးရရှိခဲ့သောမြန်မာအားကစားအဖွဲ့အားကြိုဆို

Loading

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးရရှိခဲ့သောမြန်မာအားကစားအဖွဲ့အားကြိုဆို ရန်ကုန် ၊ဇွန် (၉)ရက်။ ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပခဲ့သည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင်ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိ ခဲ့‌သောပညာ‌ရေး၀န်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ်‌ဒေါက်တာစိုးမြင့်ထွန်းဦး‌ဦးဆောင်သောအားကစားအဖွဲ့၀င်၂၁ ဦးတို့သည် ယ‌နေ့ည‌နေပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအားကသစားနှင့်ကာယပညာ‌ကော်မတီဥက္ကဌ၊တိုင်း‌ဒေသကြီးလူမှု‌ရေးရာ၀န်ကြီးဦး‌ဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်မင်းသန်း၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး၊ တိုင်း‌ဒေသကြီး ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ၊ ‌ကျောင်းသား/‌ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။ အဆိုပါပြိုင်ပွဲ၌(အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီး တစ်ဦးနှင့်အမျိုးသားသုံးဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲ (ရှုံး/ထွက်)ပွဲစဉ်များ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲ (ရှုံး/ထွက်)ပွဲစဉ်များ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၇)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အသင်းလိုက်အတိုက်ပြိုင်ပွဲ(ရှုံး/ထွက်)ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၃)ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၄)ပွဲ […]

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ခရစ်ကက်အားကစားနည်းဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ကြိုးစားကြစေလိုကြောင်း၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်သည် နိုင်ငံတကာခရစ်ကက်ကောင်စီ(ICC)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (ICC)နှင့် (ACC)တို့က ကျင်းပသည့် နိုင်ငံတကာခရစ်ကက်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှဒေသတွင်း ချစ်ကြည်ရေးပြိုင်ပွဲများနှင့် SEA Games ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခရစ်ကက်အမျိုးသမီးအသင်းမှ ကြေးတံဆိပ်(၁)ခုကို ရရှိခဲ့ပါကြောင်း၊ ခရစ်ကက်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှကြီးမှူးပြီး ကလပ်ပေါင်းစုံ ခရစ်ကက် […]

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ ကျောင်းသူများက ဒို့ချစ်တဲ့သိပ္ပံသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)မှ သွေးသစ်လောင်းနိုင်မယ့် ထူးချွန်ထက်မြက်သောလူငယ်မျိုးဆက်သစ် အားကစား သမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးအတွက် […]

၂၀၂၄ခုနှစ် ၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးပြိုင်ပွဲ ပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ် ၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးပြိုင်ပွဲ ပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန် ၆။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီနှင့် AIA Myanmar အာမခံလုပ်ငန်းကုမ္ပဏီမှ အဓိကကူညီပံ့ပိုးပြီး ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ( SSYEA )တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးစီးပွဲတော် အခမ်းအနားအား (၆.၆.၂၀၂၄)ရက်နေ့ နံနက် (၀၅း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ စူဠာမုနိရင်ပြင်ပေါ်မှ နေ၍စုရုံးတာလွှတ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ရှမ်းပြည်နယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ကျော်သူ၊ AIA […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၆)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(-၃၈)ကီလိုပြိုင်ပွဲတွင် ဖြိုးသက်ခိုင်(ဧရာဝတီ)က ပထမ၊ နှင်းဦးဝတ်ရည် (ရန်ကုန်)က ဒုတိယ၊ သင်းချယ်ရီ (နေပြည်တော်)က တတိယ၊ အေးသစ္စာအောင်(ကယား)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၂)ကီလိုပြိုင်ပွဲတွင် ဆောင်ယုံ (ကချင်)က ပထမ၊ ကြာညိုသွယ်(ရန်ကုန်)က ဒုတိယ၊ […]

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အသုံးပြုရန် အထိမ်းအမှတ် တံဆိပ် (Logo)ရေးဆွဲပြိုင်ပွဲ ကျင်းပမည်

Loading

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အသုံးပြုရန် အထိမ်းအမှတ် တံဆိပ် (Logo)ရေးဆွဲပြိုင်ပွဲ ကျင်းပမည်