အားကစားရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားနည်း(၁၁) နည်း သင် တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နွေရာသီအခြေခံ အားကစားနည်း(၁၁)နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ၂၀၂၂ခုနှစ် နွေရာသီအခြေခံအားကစားနည်း (၁၁) နည်း သင်တန်းဆင်းပွဲအခမ်းအနားကို (၆.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင် တန်း သား/သူတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ဝန်ကြီးချုပ်မှ သင်တန်းဆင်းအမှာစကားပြောခဲ့ပြီးနောက် အားကစားနည်း(၁၁)နည်းမှ နည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၇)သိန်း ချီးမြှင့်ပါသည်။ ထိုနောက် တရားသူကြီးချုပ်မှ သင်တန်းသား/သူများအား သင်တန်း ဆင်း လက်မှတ်ပေးအပ်ခဲ့ပြီး ကရာတေးဒို၊ မြန်မာ့သိုင်းနှင့် Fitness Dance တို့မှ သင်တန်းသား/သူများကသရုပ်ပြသခဲ့ပြီးအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ နွေရာသီအ‌ခြေခံအားကစားသင်တန်းကို အားကစားနည်း(၁၁)နည်း (ဘောလုံး၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ တင်းနစ်၊စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ရိုးရာခြင်း၊ ကရာတေးဒို၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ Fithess […]

လားရှိုးမြို့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

လားရှိုးမြို့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ လားရှိုးမြို့၊ ဧပြီ (၄) ရက်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ အမျိုးသား အလွတ်တန်း ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ယနေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဒေသဦးစီးဥက္ကဌများ၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက်

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက် နေပြည်တော်၊ ဧပြီ (၆)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ သင်တန်းသားရွေးချယ်ခြင်း၊ နည်းပြရွေးချယ်ခြင်း၊ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀)နာရီ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ လွိုင်ကော်၊ မုံရွာ၊ စစ်တွေ)ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် သိပ္ပံ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှုအားပေး

Loading

ရန်ကုန်၊ ဧပြီလ (၄) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများလိုက်ပါလျက် ယနေ့နံနက်(၇:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် သို့ ရောက်ရှိပြီး (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော ကနူး/ကယက်နှင့် Rowing ကစားသမား(၂၉)ဦး၊ အုပ်ချုပ်/နည်းပြ(၇)ဦးတို့နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားကြရန်နှင့် COVID-19 ရောဂါမဖြစ်ပွားရေးအတွက် သတ်မှတ် စည်းကမ်းနှင့်အညီ သွားလာနေထိုင်စားသောက်ရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလမ်းညွှန်မှာကြားကာ၊ ကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲမှ ရွေးချယ်ထားသော မျိုးဆက်သစ် အားကစားသမားများအားလည်း ထူးချွန်သော မြန်မာလက်ရွေးစင်အားကစားသမားများဖြစ်လာ အောင်ကြိုးစားကြဖို့မှာကြားပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းမှ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ […]

လားရှိုးခရိုင်၊ လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

Loading

လားရှိုးခရိုင်၊ လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် လားရှိုး၊ ဧပြီလ (၃)ရက်။ နောင်လာမည့်အနာဂတ်တွင် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁၃:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အ.ထ.က(၄)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပညာရေးဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များးတက်ရောက်ခဲ့ကြပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားသမားများအား လိုက်လံ ကြည့်ရှု အားပေးစကားပြောကြား

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားသမားများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြား နေပြည်တော် ၊ ဧပြီလ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင် ၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်း၌ (၃၂)ကြိမ်မြောက် SEA Games ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လူငယ်အားကစားလေ့ကျင့်ရေးစခန်းကို ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး အားကစားသမားများလေ့ကျင့်မှု ကာလ (၃) လအတွင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နည်းစနစ်ပိုင်းတိုးတက်မှုဆန်းစစ်ချက် စစ်ဆေးမှုများပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့်လာမည့် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ယခုအချိန်ကတည်းက နည်းစနစ်မှန်မှန် ၊ ပြင်းပြင်းထန်ထန် ၊ထိထိရောက်ရောက်ကြိုးစား လေ့ ကျင့်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာန ဘောလုံးကွင်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းအတွင်း အရံကစား သမားများထိုင်သည့်ခုံများအား အသစ်ပြန်လည်ပြုပြင်သွားရန်၊ ဘောလုံးကွင်းအား အမြဲတမ်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ်များကောင်းမွန်အောင် စီစဥ်ဆောင်ရွက်ထားရှိရန်နှင့် အားကစားကွင်း/အားကစားရုံ ဘေးပတ်ဝန်းကျင်နေရာများအား စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပမှုရှိအောင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြရန် နှင့် ပြည်သူများ စိတ်လက်ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ရောက်ရှိပြီး ခရိုင်အားကစားရုံအား […]

မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြော ပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်

Loading

မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက် နေပြည်တော်၊ မတ်(၂၉)။ မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသောဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်ဌာနခွဲအလိုက်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများ၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးဟိန်းမင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက်မှ မီးသတ်တပ်ဖွဲ့ စတင်ပေါ်ပေါက် လာသည့်သမိုင်းကြောင်း၊ မီး လောင်ရသည့်အကြောင်းအရင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက ပြုလုပ်သင့်သည့် အချက်များနှင့် ပတ်သက်ပြီး (Class-A) ရေနှင့်ငြိမ်းသတ်လို့ရသည့် ထင်းမီး၊ မီးဖိုမီး […]

ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

Loading

ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ပုသိမ်၊ မတ်လ(၂၆)ရက်။ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၂၆.၃.၂၀၂၂)ရက်နေ့တွင် ပုသိမ် မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမတွင် နေ့လည် (၁၁:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပါသည် ။ အခမ်းအနားအား ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲအား ဆက်လက်ကျင်းပရာ ပညာရေး ဝန်ကြီးဌာနကိုယ်စား ပုသိမ်ခရိုင်ပညာရေးမှူးမှလည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ခရိုင်ပြန်/ဆက်ဦးစီးဌာနမှူးမှလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စား ပုသိမ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲကို […]

မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Loading

မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် မကွေး၊ မတ်လ(၂၆)ရက်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ်လ (၂၆) ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဝါတပ်ရှိ အခြေခံပညာ မူလတန်း လွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။  အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်မှ လူငယ်နှင့်အားကစား စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်ရမည့်အချက်များနှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို လည်းကောင်း ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် က လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် […]