မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြော ပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်
![]()
မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနား၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက် နေပြည်တော်၊ မတ်(၂၉)။ မီးဘေးလုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသောဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်ဌာနခွဲအလိုက်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများ၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းထိုက်မှ မီးသတ်တပ်ဖွဲ့ စတင်ပေါ်ပေါက် လာသည့်သမိုင်းကြောင်း၊ မီး လောင်ရသည့်အကြောင်းအရင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက ပြုလုပ်သင့်သည့် အချက်များနှင့် ပတ်သက်ပြီး (Class-A) ရေနှင့်ငြိမ်းသတ်လို့ရသည့် ထင်းမီး၊ မီးဖိုမီး […]
ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်
![]()
ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ပုသိမ်၊ မတ်လ(၂၆)ရက်။ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၂၆.၃.၂၀၂၂)ရက်နေ့တွင် ပုသိမ် မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမတွင် နေ့လည် (၁၁:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပါသည် ။ အခမ်းအနားအား ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲအား ဆက်လက်ကျင်းပရာ ပညာရေး ဝန်ကြီးဌာနကိုယ်စား ပုသိမ်ခရိုင်ပညာရေးမှူးမှလည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ခရိုင်ပြန်/ဆက်ဦးစီးဌာနမှူးမှလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စား ပုသိမ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲကို […]
မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
![]()
မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် မကွေး၊ မတ်လ(၂၆)ရက်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ်လ (၂၆) ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဝါတပ်ရှိ အခြေခံပညာ မူလတန်း လွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်မှ လူငယ်နှင့်အားကစား စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်ရမည့်အချက်များနှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို လည်းကောင်း ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် က လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာကိစ္စရပ်များနှင့် ပတ် သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပသည့် ဗီဒီယိုသတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာကိစ္စရပ်များနှင့် ပတ် သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပသည့် ဗီဒီယိုသတင်း
ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ လူငယ်ရေးရာအသိ ပညာပေး ဟောပြောပွဲကျင်းပ
![]()
ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ပဲခူး၊ မတ်(၂၅)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီးလူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်လာစေရန်၊ အရည်အချင်းပြည့်ဝလာစေရန်၊ ဉာဏ်ပညာထက်မြက်လာစေရန်၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေရန်နှင့် ကာယဗလ၊ ဉာဏ်ဏဗလ၊ စာရိတ္တဗလ၊ မိတ္တှဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ပြည့်ဝစေပြီး ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များဖြစ်လာစေရေးကို အထူးအလေးထားပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို၂၅.၃.၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နု၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်သန်းတို့မှ လူငယ်နှင့်အားကစားကဏ္ဍ၊လူငယ်နှင့်ကျန်းမာရေးကဏ္ဍ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုကဏ္ဍနှင့် လူငယ်နှင့်ပညာရေးကဏ္ဍများကို အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။
၂၀၂၂ ခုနှစ် မွန်ပြည်နယ် နွေရာသီအခြေခံအားကစား သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်အားပေး
![]()
မော်လမြိုင်၊ မတ်လ(၂၅)ရက်။ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၅-၃-၂၀၂၂)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင် ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ အဖွင့်အမှာစကား ပြောကြား၍ သင်တန်းအားဖွင့်လှစ်ပေးပြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ အားကစားသင်တန်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍၊ ကရာတေးဒိုအားကစားနည်းမှ သရုပ်ပြသခဲ့ကြောင်း သိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မတ်(၂၆)။ ၂၀၂၂ခုနှစ်၊ မေလတွင် ဗီယက်နမ်နိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအနက်မှ ယနေ့ နံနက်(၉) နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားရုံ၌ မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ အုပ်ချုပ်/နည်းပြနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မတ်(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား ယနေ့ နေ့လည်(၂)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ Project Manager Mr.Denis DEGTEREV ၊ Executive Director Mr.Ivan IVANOV၊ Chief Executive […]
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြိုတော်ခန်းမ၌ “ လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများမှ တက်ရောက်ချီးမြှင့်
![]()
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြိုတော်ခန်းမ၌ “ လူငယ်ရေးရာအသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တက်ရောက်ချီးမြှင့် နေပြည်တော်၊ မတ်(၂၄)ရက်။ လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား/ ကျောင်းသူ၊ လူငယ်များ အကျင့် စာရိတ္တကျောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန် နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ် သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို (၂၄.၃.၂၀၂၂)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြိုတော်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပြီး […]
မင်းဘူးခရိုင်နှင့် ကံမမြို့နယ်တို့တွင် “ လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ်
![]()
မင်းဘူးခရိုင်နှင့် ကံမမြို့နယ်တို့တွင် “ လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ကျင်းပပြုလုပ် နေပြည်တော်၊ မတ်(၂၄)ရက်။ လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား/ ကျောင်းသူ၊ လူငယ်များ အကျင့် စာရိတ္တကျောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန် နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြု လုပ်သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို (၂၃.၃.၂၀၂၂)ရက်နေ့တွင် မင်းဘူးခရိုင်၊ အထက(၂) မင်းဘူး ကျောင်းနှင့် သရက်ခရိုင်၊ ကံမမြို့နယ်ရှိ […]